Monday, October 20, 2014

တည်ကန်ဘောများကာကွယ်မှုအားနည်းခဲ့ခြင်းကြောင့်ဗိုလ်လုပွဲနှင့်မြန်မာလွဲချော်

အောက်တိုဘာ(၂၀)ရက်နေ့ည(၇)နာရီအချိန်တွင်ယှဉ်ပြိုင်ကစားခဲ့သော AFC U-19 CHANPIONSHIP ဆီမီးဖိုင်နယ်ပွဲစဉ်တွင်အိမ်ရှင်မြန်မာအသင်းအနေဖြင့်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ကာတာအသင်းဧ။်တည်ကန်ဘောများကို မထိန်းချုပ်နိုင်ခဲ့သောကြောင့် ၁၉၇၀ ခုနှစ်နောက်ပိုင်း အာရှအဆင့်ပြိုင်ပွဲတစ်ခုတွင်ဗိုလ်လုပွဲ တက်ရောက်ရန်အခွင့်အရေးအား လက်လွှတ်ခဲ့ရသည်။

ပထမပိုင်းတွ င်ကာတာအသင်းကထောင့်ကန်ဘောမှ တစ်ဆင့် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် မြန်မာကစားကွက်ပိုမိုကောင်းမွန်လာခဲ့ကာ မိနစ် ၆၀ တွင်အောင်သူက ဧရိယာအပြင်မှ အပြင်းကန်သွင်းပြီးချေပဂိုးရယူပေးခဲ့ကာ၊ ၆၃ မိနစ်တွင်အောင်သူဧ။် ပြစ်ဒဏ်ဘောမှ တစ်ဆင့်  ငြိမ်း ချမ်းအောင်ဦးဆောင်ဂိုးကိုခေါင်းတိုက်သွင်းယူပေးခဲ့သည်။

သို့သော် မိနစ် ၈၀ တွင်ကာတာတို့ပြစ်ဒဏ်ဘောကန်သွင်းခွင့်ရရှိခဲ့ပြီးချေပဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။ ထို့နောက်သရေကျသဖြင့်အချိန်ပိုဆက်လက်ကစားရာအချိန်ပိုပထမပိုင်း ၃ မိနစ်တွင်ကာတာတို့ ဦးဆောင် ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပွဲပြီးအထိထိန်းကစားကာအိမ်ရှင်မြန်မာအားအနိုင်ယူ၍ ဗိုလ်လုပွဲသို့ တက်လှမ်းသွားခဲ့သည်။

မြတ်ထွဋ်ကျော် (သတင်းနှင့်ဓာတ်ပုံ)
ယခုကဲ့သို့မြန်မာအသင်းရှုံးနိမ့်ခဲ့သော်လည်း ပရိတ်သတ်များကမြန်မာကစားသမားများဧ။်စိတ်ဓာတ်ကို ချီးကျူးခဲ့ကြပြီး မြန်မာအသင်းအားပွဲပြီးဆုံးချိန်အထိ ပရိတ်သတ် ၃၀၀၀၀ လုံးတစ်ခဲနက်အားပေးခဲ့ကြသည်။
မြတ်ထွဋ်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment