Wednesday, October 29, 2014

ဟောင်ကောင် ဆန္ဒပြပွဲ တစ်လပြည့် သောင်းချီ စုဝေး

ဟောင်ကောင်မှာ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ ဆန္ဒပြပွဲ တစ်လပြည့် အထိမ်းအမှတ် အဖြစ် မြို့လယ်က အုပ်ချုပ်ရေးရုံး အနီးမှာ လူတွေ သောင်းနဲ့ချီ စုဝေးခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက အစိုးရ ဆန့်ကျင်ရေး အမှတ် သင်္ကေတ အဖြစ် ထီးတွေ ကိုင်ဆောင် ကြပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ့ ၈၇ကြိမ် တိုက်ခိုက် ခဲ့တာကို အမှတ်ရတဲ့ အနေနဲ့ ၈၇ စက္ကန့် အသံတိတ် ဖော်ပြခဲ့ပါတယ်။


ဆန္ဒပြ လှုပ်ရှားမှုတွေရဲ့ အရှိန် လျော့ကျလာတဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

၂၀၁၇ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် ရှိသူတွေ အပေါ် သတ်မှတ် ထားတဲ့ စည်းကမ်း ချက်တွေနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေ အနေနဲ့ တရုတ် အစိုးရဆီက လိုက်လျောမှု တစုံတရာ မရရှိသေးပေ မယ့်လည်း ဟောင်ကောင်ဟာ အရင်တုန်းက ဟောင်ကောင် မဟုတ်တော့ဘူးလို့ အများက ယုံကြည်နေကြပါတယ်။
BBC (မြန်မာပိုင်း)

0 comments:

Post a Comment