Wednesday, October 15, 2014

နတ်စင်ကုန်း စံပြ ကျေးရွာ ကော့မှူး-ဒလ ကားလမ်းတွင် ယာဉ် မတော်တဆမှု ဖြစ်ပွား

ကော့မှူး အောက်တိုဘာ ၁၅
ကော့မှူးမြို့နယ် နတ်စင်ကုန်း စံပြကျေးရွာ ကော့မှူး-ဒလ ကားလမ်းမပေါ်တွင် အောက်တိုဘာ ၁၄ ရက် နေ့လည် ၁ နာရီခွဲ အချိန်တွင် ဒလဘက်မှ ယာဉ်မောင်း ဦးအောင်သန်း မောင်းနှင်လာသော ဒေးဒရဲ နာရေး ကူညီမှု အသင်းပိုင် HIACE အမျိုးအစား ၇ဂ/၆၃၀၂ သည် ၀ဲဘက် ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ကော့မှူးဘက်မှ လာသော ယာဉ်မောင်း ဇော်မင်းဦး မောင်းနှင်လာသည့် FAW အမျိုးအစား မြေသယ်ယာဉ် 2B-9637 နှင့် ဒေါ်ဝင်းခိုင် မောင်းနှင်လာသော ဆိုင်ကယ် ၂၄ယ/၁၂၁၅၂ တို့ကို ထပ်ဆင့်တိုက်ကာ လမ်းဘေး ဓာတ်မီးတိုင်ကို တိုက်မိသည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။

 ယာဉ်တိုက်မှုကြောင့် လူနာတင်ယာဉ် ဦးခေါင်းပိုင်း ကြေမွပျက်စီး ခြင်း၊ မြေသယ်ယာဉ်မှာ ဦးခေါင်းပိုင်း မှန် ကြေမွ ပျက်စီးပြီး ဆိုင်ကယ် စီးနင်းသူ ဒေါ်ဝင်းခိုင်မှာ ထိခိုက်ဒဏ်ရာ အနာတရ ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားရာသို့ ယာဉ်မှုစစ် ရဲအုပ် သန်းဇော်လင်းနှင့် အဖွဲ့ရောက်ရှိကာ ထိခိုက် ဒဏ်ရာရရှိသူ ကို ကော့မှူးမြို့နယ် ဆေးရုံသို့ ပို့ဆောင်ပြီး၊ ယာဉ်မောင်း ဦးအောင်သန်းအား အမှုဖွင့် အရေးယူ ဆောင် ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
MOI Webportal Myanmar

0 comments:

Post a Comment