Friday, October 10, 2014

နိုဗယ်ငြိမ်းချမ်းရေးဆု မာလာလာပူးတွဲရရှိ

ပါကစ္စတန်ကလေးငယ်များနှင့် အမျိုးသမီးများ ပညာရေးအတွက် လှုပ်ရှားသူ မာလာလာယူဆွတ်ဇာအိနှင့် အိန္ဒိယကလေးများအခွင့်အရေးအတွက် လှုပ်ရှားသူ ကိုင်လာရှ်ဆက်ယာသီတို့သည် ၂၀၁၄ ခုနှစ်အတွက် နို ဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံခဲ့ရကြောင်း သိရသည်။

ယင်းကြောင့် အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသည့် မာလာလာသည် အသက်အငယ်ဆုံး နိုဗယ်ဆု ရရှိသူဖြစ်လာပြီဖြစ်သည်။

ဆယ်ကျော်သက်ကျောင်းသူမာလာလာသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက တာလီဘန်သေ နတ်သမားများ၏ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်မှု ကြုံခဲ့ရသူဖြစ်သည်။

ကလေးငယ်များနှင့် ငယ်ရွယ်သူများ ဖိနှိပ်ခံရမှုကို ဆန့်ကျင်တွန်းလှန် ခဲ့ကြသည့်အတွက် ယင်းသို့ ဆုချီးမြှင့်ခြင်းဖြစ်ပါကြောင်း နိုဗယ်ဆုရွေးချယ်ရေး ကော်မတီက ဆိုသည်။
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Ref:BBC

0 comments:

Post a Comment