Sunday, October 12, 2014

ထိုင်းနိုင်ငံသားများ ပြဿနာ ကြားဝင်ဖြေရှင်းသည့် မြန်မာလုပ်သားလေးဦး ဓားထိုးခံရ

ဓါတ်ပုံ အင်တာနက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် မိုးပျံရထားလမ်း တည်ဆောင်ရေး လုပ်ငန်းခွင် တစ်ခုတွင် ထိုင်းနိုင်ငံသား အချင်းချင်း စကားများသည်ကို ကြားဝင်ဖြေရှင်းပေးသည့် မြန်မာအလုပ်သမား လေးဦး ဓားထိုးခံရကြောင်း ထိုင်းရောက် အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးစောမောင်က ပြောကြားသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ယင်းလုပ်ငန်းခွင်တွင် ထိုင်းနိုင်ငံသား အချင်းချင်း စကားများကြ ရာ မြန်မာ အလုပ်သမားများက ကြားဝင် ဖျန်ဖြေပေး ခဲ့သည်ကို နားလည်မှုလွဲကာ ထိုင်းနိုင်ငံသားများက ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဝမ်းဗိုက်တွင် ဓားဒဏ်ရာ ရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ ဦးအောင်ကျော်သူကို တာဆင်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရပြီး ပဲခူးတိုင်းဒေသကြီးမှ ဦးဇော်ဝင်းထွန်းသည် ဘယ်လက်၊ လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နေပြည်တော်မှ ဦးခင်မောင်လင်းသည်လည်း ကျောကုန်းတွင် ဒဏ်ရာရရှိပြီး ဧရာဝတီတိုင်း ပန်းတနော်မြို့မှ ဦးမြင့်အောင်မှာ တံတောင်ကွေ့တွင် ဒဏ်ရာ ရရှိခဲ့ကြောင်း ဦးစောမောင်က ရှင်းပြသည်။

အဆိုပါကိစ္စကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) က သံရုံးကို တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
The Voice Weekly

0 comments:

Post a Comment