Wednesday, October 22, 2014

ကနေဒါလွှတ်တော်တွင်း ပစ်ခတ်မှုဖြစ်ပွား

ကနေဒါလွှတ်တော်တွင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးတဝိုက် လက်နက်အပြည့်အစုံနဲ့ နေရာယူထားတဲ့ ကနေဒါလုံခြုံရေးတပ်ဖွဲ့။
22.10.2014
ကနေဒါနိုင်ငံ အမျိုးသားစစ်ဗိမာန်မှာ အစောင့်စစ်သားတဦး ပစ်ခတ်ခံရပြီး တဲ့နောက်၊ သေနတ်သမားတွေ ဟာ အနီးအနားမှာရှိတဲ့ ကနေဒါ လွှတ်တော်တွင်းကို ၀င်ရောက်ပြီး ပစ်ခတ်မှုတွေ ထပ်ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် ကနေဒါလွှတ်တော်ကို လုံခြုံရေးအရ ပိတ်ထားလိုက်ပြီးနောက် အနီးတ၀ိုက်မှာ လက်နက် အပြည့်အစုံနဲ့ ကနေဒါ လုံခြုံရေးတပ်ဖွဲ့တွေ နေရာယူထားပါတယ်။

ကနေဒါဝန်ကြီးချုပ်ကတော့ အခင်းဖြစ်ပွားရာနေရာကနေ ထွက်သွားပြီး၊ ဘေးကင်း လုံခြုံစွာရှိတယ်လို့ ပြော ခွင့်ရသူတွေက ပြောပါတယ်။ ဒဏ်ရာရထားတဲ့ စစ်သားတဦး ကိုတော့ ဆေးရုံကို ပို့ထားရပြီး၊ အခြေအနေ မသိရသေးပါဘူး။ တနေ့ကပဲ ကနေဒါနိုင်ငံ Montreal မြို့အနီးမှာ အစ္စလာမ်ဘာသာပြောင်းသူတဦးက ကားနဲ့ ကနေဒါ စစ်သားနှစ်ဦး ကို ၀င်တိုက်တာကြောင့် စစ်သားတဦး သေဆုံးခဲ့ရပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

0 comments:

Post a Comment