Monday, October 13, 2014

ဗြိတိန်စုံတွဲ အသတ်ခံရမှု ထိုင်းဘုရင့်တပ်မတော်က မြန်မာနှင့် ဗြိတိန်သံရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်

ရန်ကုန်၊ အောက်တိုဘာ ၁၃
ထိုင်း နိုင်ငံကော့တောင်ကျွန်းတွင် ဗြိ တိန်စုံတွဲသတ်ဖြတ်ခံရမှုအတွက် တရားမျှတပြီး မှန်ကန်သော စုံစမ်းစစ် ဆေးမှုများပြုလုပ်နိုင်ရန်အတွက် ထိုင်းဘုရင်ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံ ဆိုင်ရာဗြိတိန် သံရုံးနှင့် မြန်မာ သံရုံးမှ တာဝန်ရှိသူများတွေ့ဆုံဆွေး နွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့အိမ်ရှင်ထိုင်းနိုင်ငံရဲ တပ်ဖွဲ့နှင့်အမှုတွင် ပါဝင်ပတ်သက် နေသော နိုင်ငံများနှင့် သုံးနိုင် ငံဆွေး နွေးခြင်းကိုယခုရက်ပိုင်းအတွင်း ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းသို့ ဆွေးနွေးခြင်းဖြင့် ထိုင်းနိုင်ငံ၏ တရား ဥပဒေစိုးမိုးမှုကို ထိခိုက်စေ ခြင်းမရှိဘဲ ပါဝင်ပတ်သက်သည့် နိုင်ငံများကြားတွင်လည်း နားလည်မှု၊ ယုံကြည်မှုရှိစေရေးအတွက် နည်း လမ်းများ ရှာဖွေတွေ့ရှိမည်ဟု ယုံ ကြည်ထားကြောင်း သမ္မတရုံးဝန် ကြီးဌာနက တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ သိရသည်။

သမ္မတရုံးဝန်ကြီးဌာန တာဝန် ရှိသူတစ်ဦးက ''မကြာခင် ရက် ပိုင်းမှာပဲတွေ့သွားမယ်။ အခုတွေ့ ဆုံဆွေးနွေးမှုကနေပြီးတော့ ပြစ် မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ရေး၊ ပြစ်မှုကျူး လွန် ခြင်းမရှိတဲ့သူတွေကိုလဲ မှားယွင်း အရေးယူမှု မရှိစေရေးအတွက် တရားမျှတမှုရှိရှိ ကိုင် တွယ်ဖြေရှင်း ဆောင်ရွက်သွားမယ်လို့ မျှော်လင့် ထားတယ်''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်း တွင် ဗြိတိန်ခရီးသွားအမျိုးသားနှင့် အမျိုးသမီးတို့ကို ထိုင်းနိုင်ငံရှိမြန် မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး မှ သတ်သည်ဟု ထိုင်းရဲများကစွပ် စွဲဖမ်းဆီးထားမှုကို မြန်မာနိုင်ငံအ ပါအဝင်၊ ထိုင်းနိုင်ငံသားများ၊ ဗြိ တိန်နှင့် နိုင်ငံတကာကပါ ယုံကြည်မှု မရှိသည့်အတွက် အမှု မှန်ပေါ်ပေါက် ရေးအတွက် အမြန်စုံစမ်းစစ်ဆေး ပေးရန် တောင်းဆိုထားကြောင်း ပြည် တွင်း ပြည်ပမီဒီယာများတွင် ဖော်ပြချက်များအရ သိရသည်။

ထို့ပြင် ထိုင်းအာဏာသိမ်း စစ်တပ်ခေါင်းဆောင်ဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် နှစ် ရက်တာ ခရီးစဉ်တွင်လည်း နိုင်ငံ တော်သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ဖြင့် တွေ့ ဆုံစဉ် ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်း များကလည်း ထိုင်းဝန်ကြီးချုပ်၏မြန်မာနိုင်ငံ ခရီးစဉ် ဒုတိယမြောက် နေ့ အောက်တိုဘာ ၁ဝရက်တွင် စွပ်စွဲဖမ်းဆီးခံထားရသော မြန်မာ လူမျိုးနှစ်ဦးအတွက် အမှုမှန်ပေါ် ပေါက်ရေး ဆန္ဒပြတောင်းဆိုခဲ့ကြ သည်။

ထို့ပြင်စွပ်စွဲဖမ်းဆီးခံထားရ သော မြန်မာရွှေ့ပြောင်းအလုပ် သမားနှစ်ဦးဖြစ်သော ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်းတို့နှစ်ဦး၏ မိ ဘများလည်း ထိုင်းနိုင်ငံသို့ သွား ရောက်မည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်မဉ္ဇူ
Yangon Media Group
‪#‎Democracytoday‬

0 comments:

Post a Comment