Thursday, October 9, 2014

မန္တလေးဆေးရုံတွင် ဝမ်းပျက်ဝမ်းလျှော လူနာနှစ်ရာကျော်တက်ရောက်ကုသခဲ့

မန္တလေးခုတင် ၅၅၀ဆံ့ကလေးဆေးရုံကြီး (ဓာတ်ပုံ−ညီညီဇော်)
Friday, Ocotber 10, 2014
မန္တလေးမြို့ရှိ ခုတင် ၅၅၀ ဆံ့ကလေးဆေးရုံကြီးသို့ ပြီးခဲ့သည့် စက်တင်ဘာအတွင်း ဝမ်းပျက်ဝမ်းလျှော ကလေးလူနာ ပေါင်း နှစ်ရာကျော်တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။

ဝမ်းပျက်ဝမ်းလျှောအဖြစ် များသည့် ဩဂုတ်လတွင် ကလေး လူနာတစ်ရာခန့်တက်ရောက်ခဲ့ပြီး စက်တင် ဘာလတွင်လူနာနှစ် ရာခန့်အထိ တိုးမြှင့်ရောက်ရှိခဲ့ ကြောင်း ယင်းဆေးရုံကြီးလူမှု ဆက်ဆံရေးဌာနမှ သတင်းရရှိ သည်။

လက်ရှိအချိန်တွင် ခုတင် ၅၅၀ ဆံ့ကလေးဆေးရုံကြီး၌ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသည့် မွေးကင်းစ လသားအရွယ် ကလေးလူနာအများစုဖြင့်ပြည့် နေပြီး ပြင်ပလူနာဌာနတွင်လည်း နေ့စဉ်လာရောက်ပြသ သည့်လူ နာများပြည့်နေကြောင်း ယင်းဌာန မှ အရာရှိဦးကျော်မြင့်က ပြောသည်။

‘‘Opd (ပြင်ပလူနာဌာန)မှာ လည်း ပြည့်ကျပ်နေလို့ ထိန်းထား ရတယ်။ လုံးဝမဖြစ်မနေဆေးရုံ တက်ရမယ့် လူနာကိုပဲ လက်ခံနေ ရတယ်’’ဟု ဦးကျော်မြင့်က ပြောသည်။

နှစ်တစ်နှစ်တွင် ဩဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာများသညှ် ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန် တုပ်ကွေးရောဂါများဖြင့် ဆေးရုံတက်လူနာအရေအတွက် အများဆုံးလများဖြစ်ကြောင်း၊ ယခုနှစ်တွင် သွေး လွန် တုပ်ကွေးလူနာထက် ဝမ်းပျက် ဝမ်းလျှောရောဂါများ အများဆုံး ဖြစ်ပွားပြီးဆေးရုံသို့ရောက်ရှိ  လာကြကြောင်း၊ ယခုနှစ်ဆန်း ပိုင်းမှ လက်ရှိအချိန်ထိ ယင်းဆေး ရုံကြီးသို့တက်ရောက်ခဲ့သည့် ဝမ်းပျက် ဝမ်းလျှောလူနာအရေ အတွက်ပေါင်း ငါးရာနီးပါး ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြော သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ များဖြစ်ပွားလေ့ရှိသည့် ကာလ မတိုင်မီ ဆေးရုံသို့နေ့စဉ်တက် နေရသည့် ပျမ်းမျှလူနာအရေ အတွက်မှာ ၄၀ ဦးခန့်ရှိရာမှ ပြီးခဲ့ သည့် စက်တင်ဘာအတွင်းမှ ယနေ့အချိန်ထိ နေ့စဉ် ပျမ်းမျှလူ နာအရေအတွက် နှစ်ဆခန့်တိုး လာပြီး   ၈၀ဦးခန့်   ပုံမှန်တက် ရောက်နေကြကြောင်း ယင်းဆေး ရုံမှတ်တမ်းများတွင်ဖော်ပြသည်။

ခုတင် ၅၅၀ ဆံ့သည့် အဆို ပါကလေးဆေးရုံကြီးတွင် လက်ရှိ အချိန်၌ ကလေးလူနာပေါင်း လေးရာခန့် ကို ဆေးကုသမှုများ ပြုလုပ်ပေးနေရကြောင်း၊ အများ စုမှာ ဝမ်းပျက်ဝမ်းလျှောလူနာများဖြစ်ပြီး တချို့မှာ ရာသီအပြောင်း အလဲကြောင့် ဖျားသည့်လူနာများ လည်းရှိကြောင်း ဆေးလူမှုဆက် ဆံရေးအရာရှိ   ဦးကျော်မြင့်က ပြောသည်။
အေးမွန်ရာပြည့်
7Day Daily

0 comments:

Post a Comment