Tuesday, October 14, 2014

ထိုင်းစစ်အုပ်ချုပ်ရေးကြောင့် ပြည်ပခရီးသွားဝင်ရောက်မှု ကျဆင်းနေ

ထိုင်းခရီးသွားကဏ္ဍ၌ နိုင်ငံသို့ ပြည်ပခရီးသွား ၀င်ရောက်မှုပိုင်းတွင် ဆက်လက်ကျဆင်းနေလျက်ရှိပြီး ဆုံးရှုံးမှုများဖြစ်ပေါ်နေခြင်းကြောင့်အစိုးရအနေဖြင့် စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းပေးရန် ထိုင်းခရီးသွား လုပ်ငန်းရှင်များက  တောင်းဆိုလိုက်သည်။

ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ THA က နိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွားများ ကို  ပြန်လည်ဆွဲဆောင်မှုများပြုလုပ်နေသော်လည်း အဓိက ခရီးသွားလုပ်ငန်းအုပ်စုများဖြစ်သည့် ထိုင်း ခရီးသွားလုပ်ငန်းကိုယ်စားလှယ်များအသင်း ATTA နှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း TAT တို့က ပြည်ပခရီးသွားဆိုက်ရောက်မှု ကျဆင်းနေခြင်းအပေါ် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

ဇန်န၀ါရီလမှ စက်တင်ဘာလအတွင်း ဘန်ကောက်သို့ နိုင်ငံတကာခရီးသွားဦးရေ ၉ ဒဿမ ၁ သန်းသာရောက် ရှိခဲ့ပြီး ယခင်နှစ် အဆိုပါတူညီသည့်ကာလက ခရီးသွားဦးရေ ၁၁ ဒဿမ ၃ သန်းလာရောက်ထားသည်ဟု သိရသည်။
Mizzima News
Ref:The Nation

0 comments:

Post a Comment