Friday, October 10, 2014

မက္ကဆီကိုတွင် အစုအပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားမှု ထပ်မံတွေ့ရှိ

10 October 2014
မက္ကဆီကိုနိုင်ငံမှာ နောက်ထပ်လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာတခုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က မက္ကဆီကိုရဲတွေ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

အရင် တွေ့ရှိခဲ့တဲ့ Iguala မြို့မှာပဲ ဖြစ်ပြီး သံသယဖြစ်ခံရသူတွေကို စစ်ဆေးရင်း သူတို့တွေက ညွန်ပြခဲ့တာလို့ ပြောဆိုပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ကျောင်းသားတွေ ဖြစ်တယ်လို့လည်း ထွက်ဆိုတာကြောင့် ပျောက်ဆုံးနေ တဲ့ကျောင်းသားတွေကို ရာဇ၀တ်ဂိုဏ်းတွေနဲ့ ရဲတွေ သတ်ဖြတ်လိုက်ပြီဆိုပြီး လူထုက ယုံကြည်နေကြ ပါတယ်။

ဒီနေရာသစ်မှာတော့ သတ်ဖြတ် မီးရှို့ခံထားရသူ အလောင်း ၁၀ လောင်း တွေ့ရှိခဲ့ပါတယ်။ ကျောင်း သားတွေ ပျောက်ဆုံးမှုအတွက် နိုင်ငံတ၀န်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Iguala မြို့မှာတော့ ဆရာဖြစ်တက္ကသိုလ်ကျောင်းသားတွေ သပိတ်စခန်းဖွင့် ဆန္ဒပြ နေကြပြီး ပျောက် ဆုံးနေတဲ့ကျောင်းသားတွေအတွက် တရားမျှတမှု မရမချင်း ဆန္ဒပြ တောင်းဆိုနေမှာ လို့ ပြောဆိုပါတယ်။

မက္ကဆီကိုသမ္မတ ပင်နာညဲရိုးကလည်း အခု ကိစ္စမှာ အမြန်ဆုံး အမှုမှန် ဖော်ထုတ်ပေးဖို့ အမေရိကန်နဲ့ ကုလသမဂ္ဂက တောင်းဆိုနေကြပါတယ်။

Iguala မြို့အုပ်ချုပ်ရေးမှူးနဲ့ ဇနီးလည်း ပျောက်ဆုံးနေပြီး ဒီကျောင်းသားတွေ ပျောက်ဆုံးမှုတွေမှာ ပါဝင်ပတ်သက်နိုင်တယ်လို့ သံသယဖြစ် ခံနေရပါတယ်။

ဂယ်ရဲ့ရိုပြည်နယ်ဟာ မက္ကဆီကိုနိုင်ငံမှာ ဥပဒေမဲ့ သတ်ဖြတ်မှုအများဆုံး ပြည်နယ်တခုလည်း ဖြစ်ပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment