Saturday, October 11, 2014

မြန်မာ ထိုင်းကို ဂိုးပြတ်နိုင်ပြီး အုပ်စုဦးဆောင်

ဂိုးသွင်းယူလိုက်ပြီးနောက် အောင်ပွဲခံနေသော ပရိသတ်များကို တွေ့ရစဉ်။ မြန်မာ ယူ−၁၉ နှင့် ထိုင်း ယူ−၁၉ အသင်းတို့၏ပွဲတွင် မြန်မာက သုဝဏ္ဏကွင်းတွင် အောက်တိုဘာ ၁၁ ရက် ညနေက ယှဉ်ပြိုင်ခဲ့သော အဆိုပါပွဲသို့ ပရိသတ် နှစ်သောင်းခွဲနီးပါး လာရောက်အားပေးခဲ့ကြသည်။ (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)
Sat, 2014-10-11 23:29
အာရှ ယူ-၁၉ ပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်တွင် မြန်မာအသင်းက ဒေသ တွင်းပြိုင်ဘက် ထိုင်းအသင်းကို သုံးဂိုး ပြတ် အနိုင်ယူပြီး အုပ်စု ဦးဆောင်ခွင့်ရကာ နောက်တစ်ဆင့်တက်ရန် အခြေအနေ ကောင်း သွားသည်။

မြန်မာ ယူ−၁၉ သည် ပထမပိုင်းမှာ ပင် သုံးဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် ထိုင်းကစားသမားတစ်ဦး အထုတ်ခံခဲ့ရ သည်။ အောက်တိုဘာ ၁၁ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့သည့် ပွဲတွင် မြန်မာ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် ယီမင်အ သင်းပွဲထွက်လူစာရင်းမှ တစ်ဦး သာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး  ရန်နိုင်ဦးအစား တိုက်စစ်မှူး သန်း ပိုင်အား ပွဲထွက် အသုံးပြုခဲ့သည်။

ယနေ့ပွဲတွင် မြန်မာယူ -၁၉ အသင်းအနေဖြင့် ကြိုးစား အားထုတ်မှုနှင့် စိတ်ဓာတ်ပိုင်း အကောင်းဆုံး အနေအထားတွင် ရှိခဲ့ကာ ပထမပိုင်းမိနစ် ၂၀ အ တွင်း ငြိမ်းချမ်းအောင်က နှစ်ဂိုး ဆက်တိုက်သွင်း ယူခဲ့သည်။

မြန်မာ အသင်းအတွက် တတိယမြောက်ဂိုးကို ပွဲချိန် ၄၂ မိနစ်တွင် အောင်သူက သွင်းယူခဲ့ခြင်းဖြစ်သည်။ ထိုင်းယူ-၁၉ အသင်းအနေဖြင့် ယနေ့ပွဲတွင် ဂိုးရနိုင်သည့် အခွင့်အရေးအချို့ ရရှိခဲ့သော်လည်း အဆုံးသတ် အားနည်းမှုများကြောင့် ချေပဂိုး ပင် မရရှိခဲ့ပေ။ပွဲချိန် ၇၀ မိနစ်တွင် မြန်မာ ကစားသမား သီဟထက်အောင် ဆီ အ၀င်ကြမ်းခဲ့သည့် ထိုင်းကစားသမားကို နှစ်ဝါတစ်နီဖြင့် အ ထုတ်ခံခဲ့ရသည့်အတွက် လက်ကျန်မိနစ် များတွင် ထိုင်းအသင်း က တစ်ဦးလျော့ဖြင့် ယှဉ်ပြိုင် ကစားခဲ့ရသည်။

‘‘ပထမပိုင်းမှာ သုံးဂိုးဆက် တိုက်သွင်းနိုင်ပြီး တစ်ဂိုးမှ ပြန်မ ပေးခဲ့ရတာလည်း ထူးခြားတဲ့ ဖြစ် ရပ်ပါ။ ပရိသတ်တွေ ပျော်ရွှင် အောင်လို့ မြန်မာယူ-၁၉  အသင်းဆက်လက်ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်’’ ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် မြန်မာ အသင်းနည်းပြချုပ် ဂတ်ဖရိုင်း ဒရစ်ကပြောသည်။

မြန်မာနှင့် ထိုင်းအသင်း ပွဲစဉ်ကို ကွင်းအတွင်း ပရိသတ် နှစ်သောင်း လေးထောင်ကျော် လာရောက် အားပေးခဲ့ကြသည်။ အုပ်စု (က) အခြားပွဲစဉ် တွင် ယီမင်အသင်းက အီရန် အသင်းကို(၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အုပ်စု (က) ဒုတိယရက်ပွဲ စဉ်များအပြီးတွင် မြန်မာနှင့် ယီ မင်က တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် လေး မှတ်စီတူညီနေသော် လည်း ဂိုးကွာခြားချက်အသာရ ထားသည့် မြန်မာက အုပ်စုတွင်  ဦးဆောင်ခွင့်ရ ရှိခဲ့သည်။ အုပ်စု နောက်ဆုံးပွဲစဉ်များကို အောက် တိုဘာ ၁၃ ရက်တွင် ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး မြန်မာနှင့် အီရန်၊ ထိုင်းနှင့် ယီမင်တို့ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

မြန်မာအသင်းသည် အီရန် အသင်းနှင့် ပွဲစဉ်တွင် အနည်း ဆုံးသရေရလဒ်ရရှိပါက နောက် တစ်ဆင့်သို့ တက်ရောက်ခွင့်ရရှိ မည်ဖြစ်ပြီး အကယ်၍ အီရန် အသင်းကို ရှုံးနိမ့်ခဲ့ပါက ထိုင်း နှင့် ယီမင် ပွဲစဉ်ရလဒ် အပေါ်တွင် မူတည်မည်ဖြစ်သည်။ မြန်မာ နည်းပြ ဂတ်ဖရိုင်းဒရစ်က မြန်မာ အသင်း နောက်တစ်ဆင့် တက် ရောက်ရန် ၅၀ ရာခိုင်နှုန်း ရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ဗိုလ်ဝင်း/ချစ်ဝိုင်း
7DAY DAILY

0 comments:

Post a Comment