Friday, October 10, 2014

အစိုးရတပ်နှင့် ဒီကေဘီအေ တိုက်ပွဲဖြစ်

10 October 2014
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်တို့အကြား  ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အစိုးရတပ် စကခ ၁၂ လက်အောက်ခံတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တို့ ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းကျေးရွာအနီးမှာ မနက် ၁၀ နာရီကနေ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော့ကရိတ်မြို့ ဒီကေဘီအေ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး သရက်နီက ဒီဗွီဘီကို ပြောပါတယ်။

အစိုးရတပ်ဘက်က စတင်ပစ်ခတ်ခဲ့တဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားခဲ့ရတာလို့ ဆိုပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment