Monday, September 22, 2014

မိုက်ခရိုဆော့ဖ်မှ OneDrive အွန်လိုင်း Cloud အတွက် 30 GB အခမဲ့ပေး

မိုက်ခရိုဆော့ဖ်မှ သူ၏ skydrive ကို အမည်ပြောင်းထားသည့် OneDrive အွန်လိုင်း Cloud အသုံးပြုသူများအတွက် အခမဲ့အသုံးပြုနိုင်မည့် ပမာဏကို 30 GB အထိ ပေးထားပါတယ်။ OneDrive ဟာ ပုံမှန်အားဖြင့် သူရဲ့ အခမဲ့သိုလှောင်နိုင်မှုပမာဏကို 7.5 GB သာပေးရကနေ ၂၀၁၄ ခုနှစ် ဇွန်လမှ စတင်ကာ နှစ်ဆမြင့်တင်ကာ 15 GB အထိ တိုးမြင့်ပေးခဲ့ပါတယ်။ ယခုနောက်ဆုံး အနေနဲ့ သူရဲ့ OneDrive ကို အဆင့်မြင့်တင်မှုအနေနဲ့ OneDrive app ကို အသုံးပြုမည့် Windows OS, Mac OS , Android OS, iOS နှင့် Windows Phone OS တို့တွင် app များကို ထည့်သွင်းကာ အသုံးပြုမည်ဆိုပါက မိမိဖုန်းအတွင်းမှာ ရှိတဲ့ ကင်မရာသိုလှောင်မှုမှ အွန်လိုင်းအချက်အလက်သိုလှောင်မှုအဖြစ် သီးသန့် 15 GB ကို ထည့်ပေးမှာဖြစ်ပါတယ်။

အခြားသော အွန်လိုင်းအချက်အလက်သိုလှောင်နိုင်မှုစနစ်များဖြစ်သည့် ပြိုင်ဘက်များနှင့် နှိုင်းယှုဉ်ပါက လက်ရှိအချိန်တွင် Dropbox က အခမဲ့အတွက် 2 GB, Box က 10 GB နှင့် Apple ရဲ့ iCloud Drive ကတော့ 5 GB အပြင် Google Drive က 15 GB တို့ကို အသုံးပြုခွင့် ပေးထားပါတယ်။
Yangon Media Group
Ref : Pocket-lint

0 comments:

Post a Comment