Wednesday, September 10, 2014

တောင်အာရှတွင် အဖွဲ့ခွဲဖွင့်သည်ဆိုသော အယ်လ်ခိုင်ဒါ၏ကြေညာချက်မှာ ဟန်ဆောင်မှုတစ်ခုသာဖြစ်သည်ဟု ကျွမ်းကျင်သူများသုံးသပ်

အစ္စလာမ္မာဘတ်၊
တောင်အာရှဒေသတွင် အကြမ်း ဖက် အဖွဲ့ခွဲတစ်ခုတည်ထောင်လိုက် ပြီဟု အယ်လ်ခိုင်ဒါအဖွဲ့၏ ကြေညာ ချက်က IS အဖွဲ့ကြောင့် မှေးမှိန်လာ သည်။ ၄င်းတို့၏အရေးပါမှုကို မြှင့်တင် နိုင်ရန် ဟန်ဆောင်မှုဟု ကျွမ်းကျင် သူများက သုံးသပ်ပြောကြားခဲ့ပါ သည်။

အယ်လ်ခိုင်ဒါခေါင်းဆောင် ဘင်လာဒင်သေဆုံးခဲ့ပြီးချိန်ကတည်း က အယ်လ်ခိုင်ဒါအဖွဲ့၏ အကြမ်း ဖက်ဆောင်ရွက်ချက်များအားလုံးနီး ပါးရပ်တန့်သွားခဲ့ပြီး အဖွဲ့ဝင်တိုက် ခိုက်ရေးသမားများကလည်း အဖွဲ့သစ် IS သို့သွားရောက်ပူးပေါင်းခဲ့ကြသည်။

ကမ္ဘာ့အကြီးဆုံးအကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခံခဲ့ရသည့် အယ်လ်ခိုင်ဒါ အဖွဲ့ကို ဘင်လာဒင်က ၁၉၈ဝ ပြည့် နှစ်များတွင်တည်ထောင်ခဲ့ပြီး ထိုအချိန်၌ ၄င်းအဖွဲ့ကတောင်အာရှဒေသ နှင့် ချိတ်ဆက်ကာအကြမ်းဖက်မှု များကို ပြုလုပ်ခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် အာရှဒေသမှာ အယ်လ်ခိုင်ဒါအဖွဲ့ဝင် ဦးရေတဖြည်းဖြည်းလျော့နည်းလာ သည်။ ယင်းအပြင် အယ်လ်ခိုင်ဒါ အဖွဲ့၏ အာရှဒေသမှ အဓိကစစ် မျက်နှာပါကစ္စတန်တွင်လည်း အယ်လ် ခိုင်ဒါတို့၏ တိုက်ရိုက်ပါဝင်ပတ်သက် မှုကျဆင်းလာသည်။

''ပါကစ္စတန် မှအယ်လ်ခိုင်ဒါအဖွဲ့ခွဲ မဟုတ်သည့် အကြမ်းဖက်အဖွဲ့အစည်းများ အင် အားမြင့်တက်လာပြီး အရှေ့အလယ် ပိုင်းနှင့် အာဖရိကမှ အယ်လ်ခိုင်ဒါ အဖွဲ့ဝင်များသည် အာရှဒေသနှင့်ချိတ် ဆက်ဆောင် ရွက်မှုလည်း နည်းပါး လာသည်ဟု ပါကစ္စတန်မှစစ်ဘက် ဆိုင်ရာကျွမ်းကျင်သူ အေမာရာနာ က ပြောသည်။ အကြမ်းဖက်လုပ်ရပ် များတွင်သာမက လူမှုမီဒီယာများမှ ဝါဒဖြန့် ဆောင်ရွက်ချက်များတွင် လည်း IS အဖွဲ့က အယ်လ်ခိုင်ဒါ ထက်ပို၍ အင်အားကောင်းလာသည်။ ယင်းကြောင့်တစ်ချိန်က အယ်လ်ခိုင်ဒါ အဖွဲ့၏ ပင်မအခြေစိုက်ရာဖြစ် သော အာဖဂန်နှင့် ပါကစ္စတန်နိုင်ငံ တို့တွင် IS အဖွဲ့၏ သြဇာလွှမ်းမိုး ရန် ဆောင်ရွက်ချက်များကိုမြင်တွေ့ လာရသည်။

အာဖဂန်နိုင်ငံမှပီရှာ ဝါမြို့တွင် IS အဖွဲ့ကို ပြောင်းလဲ ထောက်ခံရန် လှုံ့ဆော်သည့် လက်ကမ်း စာစောင်များ ဂရပ်ဖီတီများပင်မြင် တွေ့လာရသည်ဟု သိရသည်။

ထိုအခြေအနေများကြောင့် အယ်လ်ခိုင်ဒါအဖွဲ့အနေဖြင့် ၄င်း၏ ဂုဏ်သိက္ခာကို ဆက်လက်ဆုပ်ကိုင် ထားရန် ၄င်းတို့၏ဆောင်ရွက်မှု များကို ပြောင်းလဲ ရတော့မည်ဟု ရာနာက သုံးသပ်ခဲ့သည်။

''ဒီအခြေ အနေတွေက အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ အရှိန်အဝါ ကျဆင်းနေပြီကို ဖော်ပြ နေပါတယ်။ အယ်လ်ခိုင်ဒါအဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ သာမက တစ်ကမ္ဘာလုံးမှ ၄င်းတို့၏ အဖွဲ့ခွဲများ ကို မထိန်းချုပ်ထားနိုင်တော့ပါဟု လည်းရာနာကပြော သည်။

IS အဖွဲ့ ၏ရက်စက်သော အကြမ်းဖက်မှုများ ၏ ဓာတ်ပုံများ၊ ဗီဒီယိုများ များစွာ ပေါ်ထွက်လာနေချိန်မှာ အယ်လ်ခိုင် ဒါခေါင်းဆောင်သစ်က တစ်နာရီကြာ စကားပြောဗီဒီယိုသာ ထုတ်ပြန်နိုင် ခြင်းက IS နှင့် အယ်လ်ခိုင်ဒါအဖွဲ့ တို့၏ ကွာခြားမှုကို မီးမောင်းထိုး ပြနေသည်ဟုလည်း ရာနာကထပ်မံ ထောက်ပြခဲ့သည်။
Yangon Media Group
Ref : AFP

0 comments:

Post a Comment