Wednesday, September 3, 2014

မြန်မာလက်ရွေးစင်အသင်း ပါလက်စတိုင်းကို ဂိုးပြတ်နိုင်ပြီး ဗိုလ်လုပွဲတက်

ဖိလစ်ပိုင် နိုင်ငံမှာ ကျင်းပနေတဲ့ PEACE Cup ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာ အမျိုးသား လက်ရွေးစင် ဘောလုံးအသင်းက အာရှဖလားဝင်ပြိုင်ခွင့် ရထားသည့် ပါလက်စတိုင်းအသင်းကို ဂိုးပြတ်အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

မြန်မာနဲ့ ပါလက်စတိုင်း အသင်းတို့ဟာ စက်တင်ဘာလ ၃ ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့ကြတာဖြစ် ပြီး မြန်မာအသင်းက လေးဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ မြန်မာအသင်းအတွက် ကျော်ဇေယျာဝင်း က နှစ်ဂိုး၊ တင်ဝင်းအောင်နဲ့ နန္ဒလင်းကျော်ချစ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။

ဗိုလ်လုပွဲကိုတော့ ဖိလစ်ပိုင်နှင့် တရုတ်တိုင်ပေ အသင်းနှစ်သင်းက အနိုင်ရတဲ့ အသင်းနဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ ကစားရမှာပါ။

ဗိုလ်လုပွဲတက်ရောက်ခွင့် ရသွားပြီဖြစ်ပေမယ့် ဗိုလ်လုပွဲစဉ်ကို ရုပ်သံက တိုက်ရိုက် ထုတ်လွင့်ဖို့အတွက် အသေအချာ မပြောနိုင်သေးဘူးလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူက ဆိုပါတယ်။

မြန်မာအသင်းဟာ ပါလက်စတိုင်းအသင်းကို ၂ဝ၁၁ ခုနစ်အတွင်းက AFC Chanllage Cup ပြိုင်ပွဲခြေစစ်ပွဲမှာ တွေ့ဆုံခဲ့စဉ်က ၃ဂိုး တစ်ဂိုး၊ ဒီနှစ် မေလအတွင်းကလည်း AFC Chanllage Cup ပြိုင်ပွဲ အုပ်စုပွဲစဉ်မှာ ၂ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
The Voice Weekly

0 comments:

Post a Comment