Tuesday, September 2, 2014

ဓမ္မစေတီခေါင်းလောင်းမဟုတ်ဘဲသံစည်ပိုင်းဟုသတင်းထွက်ပေါ်မှု အတည်ပြုချက် မပေးနိုင်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ-၁
ဓမ္မစေတီခေါင်းလောင်းဟု ယူဆရသည့် အရာသည် သံစည်ပိုင်းကြီးဖြစ်နေကြောင်း သတင်း ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ဦးစံလင်းက သတင်းပေးပို့မှုမရှိသည့်အတွက် အတည်ပြုချက် မပေးနိုင်ကြောင်း ခေါင်းဆောင်းဆယ်ယူရေးအထောက်အကူပြုအဖွဲ့ သတင်းပြန်ကြားရေးအဖွဲ့ဝင်ဦး ကြည်ဝင်းက စံတော်ချိန်သို့ စက်တင်ဘာ ၁ ရက်၌ ပြောဆိုခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူရာတွင် ခေါင်းလောင်းမဟုတ်ဘဲ ဂါလံ ၃၀၀ ဆံ့သံစည်ပိုင်း ကြီးဖြစ်နေကြောင်းလူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထား မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ် သည်။

'ဒီလိုတွေ့တယ်လို့လည်း ဦးစံလင်းက ကျွန်တော်တို့ကို မပြောထားဘူး။ အခု အချိန်မှာခေါင်းလောင်း လို့ ယူဆ တဲ့အရာကို ဆယ်နိုင်ရေး ကြိုးချည်ဖို့လုပ်နေတာ။ကောလာဟလတွေကို မဖြေချင်ဘူး'ဟု ဦးကြည်ဝင်း က ပြောဆိုသည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအဖွဲ့ခေါင်းဆောင်ဦးစံလင်းက ထူးခြားသည့်ဖြစ်စဉ်များရှိလျှင် သတင်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့် စိတ်ရှည်သည်းခံပြီး စောင့်ကြည့်ပေးရန် ကြေညာထားသည်။

'ခေါင်းလောင်းလို့ ယူဆရတဲ့အရာကိုတွေ့တော့တွေ့ထားတယ်။ ခေါင်းလောင်းဖြစ်ချင်လည်းဖြစ်မယ်။ ရေအောက်ရောက်နေတော့ဘာလဲသေချာမသိသေးပေမယ့်အရာဝတ္ထုကြီးကြီးဆိုတာတော့သိတယ်'ဟု ခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုအဖွဲ့ ဘဏ္ဍာရေးမှူး ဦးသန်းစိန်က ပြော ဆိုခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းဟု ယူဆရသည့် ခေါင်းလောင်းကြီးကို သြဂုတ် ၁၅ ရက်တွင် ရေငုပ်သမားများက ရှာတွေ့ခဲ့ကြောင်း သြဂုတ် ၂၆ ရက်၌ တရားဝင်သတင်းထုတ်ပြန်ပြီးနောက် ခေါင်းလောင်းကြီး ကုန်းပေါ်သို့ သယ်ဆောင်နိုင်ပြီးမှသာ သတင်းထုတ်ပြန်မည်ဟု ဦးစံလင်းက ပြောဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေဆယ်ယူမှုကို သြဂုတ် ၈ ရက်မှစ၍ ဦးစံလင်းခေါင်းဆောင်သောအဖွဲ့က လုပ်ဆောင်ခဲ့ပြီး သြဂုတ် ၂၆ ရက်အပြီး ဆယ်နိုင်မည်ဟုကြေညာထားသော်လည်း ခေါင်းလောင်းဆယ်ယူ ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရ၍ ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်း လုပ်ဆောင်ရန် နောက်ထပ် ၁၇ ရက် ထပ်တိုးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြည့်ပြည့်၊ တင့်ဇော်ထွန်း
စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment