Wednesday, September 10, 2014

အတည်ပြုလိုက်သည့် ယစ်မျိုးဥပဒေအရ အုန်းရည်ရောင်းပါက အခွန်ဆောင်ရမည်

ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော်တွင် သြဂုတ် ၂၉ ရက် က အတည်ပြုလိုက်သည့် ယစ်မျိုးဥပဒေအ ရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အုန်းရည် ရောင်းချပါက လိုင်စင်ဖြင့် အခွန်ဆောင် ကာ ရောင်းချရမည်ဟု သိရသည်။

သြဂုတ် ၂၉ ရက်တွင် ပြုလုပ် သော နဝမအကြိမ်မြောက် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်အစည်းအဝေးတွင် ရန် ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း တင် သွင်းခဲ့သော ယစ်မျိုးဥပဒေကြမ်းနှင့် ပတ် သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အ ချေအတင် ဆွေးနွေးပြီးနောက်ပိုင်းတွင် အတည်ပြု ပြဋ္ဌာန်း လိုက်ခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလိုက်သည့် ပြည်ထောင်စု ယစ်မျိုးဥပဒေအား ပြင်ဆင် သည့်ဥပဒေကြမ်းတွင် ထန်းရည်ဆိုသည် မှာ ကဇော်ဖောက်သည် ဖြစ်စေ၊ မဖောက် သည်ဖြစ်စေ။ ထန်း၊ ဓနိ၊ အုန်းနှင့် ပေ စ သည့် အပင်တစ်မျိုးမျိုးမှ ထွက်ရှိသော အ ရည်ကို ဆိုလိုခြင်းဖြစ်သည်ဟူသော ဥပဒေ ကြမ်းပါစာပိုဒ်အရ အုန်းပင်မှ ထွက်ရှိသော အရည်ကို ရောင်းချပါက အဆိုပါ ယစ်မျိုး ဥပဒေနှင့် ငြိစွန်းနေသောကြောင့် သတ်မှတ် နှုန်းထက် ပြင်ဆင်တိုးမြှင့်ထားသော အခွန် ငွေဆောင်မှသာ တရားဝင် ရောင်းချခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယစ်မျိုးဥပဒေကြမ်းအ ရ အုန်းရည်ရောင်းချပါကလည်း လိုင်စင် ဖြင့်သာ အခွန်ဆောင်ရောင်းရမည့် အဓိပ္ပာယ် ဖြစ်ပေါ်နေ၍ အုန်းဟူသော ဝေါဟာရကို ထည့်သွင်းခြင်းမပြုရန် လွှတ်တော်ကိုယ်စား လှယ်များက တင်ပြတောင်းဆိုခဲ့ပြီး လွှတ် တော်တွင် တစ်နာရီကြာ ဆွေးနွေးခဲ့သော် လည်း နောက်ဆုံးတွင် အဆိုပါဥပဒေမှာ အတည်ဖြစ်ခဲ့ရသည်။

''ဒေသနဲ့ ကိုက်ညီမှုမရှိတဲ့ အုန်း ဆိုတဲ့ဝေါဟာရလေးတစ်လုံးတောင် တိုင်း ဒေသကြီးလွှတ်တော်က ပြင်ဆင်လို့မရဘူး လားလို့ သံသယရှိမိတယ်။ တကယ်တော့ ဒေသနဲ့ကိုက်ညီမှုမရှိတဲ့ ဥပဒေတချို့ကို ပြင် ဆင်သင့်ပါတယ်''ဟု ရန်ကုန်တိုင်းဒေဥကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင် က ပြောသည်။

လက်ရှိအချိန်တွင် လွှတ်တော်မှ အတည်ပြုပြီးဖြစ်သော်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် လက်မှတ်ထိုး ရန် ကျန်ရှိကာ လက်မှတ်ထိုးပြီးချိန်မှစတင် ၍ အဆိုပါဥပဒေကြမ်းမှာ အတည်ဖြစ်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ကပြောသည်။

''ပြည်ထောင်စုအဆင့် ပြဋ္ဌာန်း ထားတဲ့ မူလ ယစ်မျိုးအက်ဥပဒေမှာကိုက အုန်းဆိုတဲ့ စာလုံးပါနေတဲ့အတွက် မပြင် သင့်ဘူး။ ရှေးလူတွေက လိုတယ်ထင်လို့ ထည့်ခဲ့တာ''ဟု ရန်ကုန်တိုင်းဒေသကြီး လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်းက ပြောသည်။

''အုန်းစိမ်းရေ ရောင်းတာ ကြာ လှပြီ။ လိုင်စင်မယူရပါဘူး။ အုန်းရည်ရောင်း တာတောင် လိုင်စင်ယူရမယ်ဆိုရင် ဘာလုပ် စားရမှာလဲ။ အဲဒီအခါ မရောင်းရုံပေါ့''ဟု အနော်ရထာလမ်းမကြီး တစ်လျှောက်တွင် အုန်းစိမ်းရေ လိုက်လံရောင်းချနေသော ဈေး သည်တစ်ဦးက ပြောသည်။

ယစ်မျိုးဥပဒေအား အခွန်တိုး မြှင့် ပြင်ဆင်သည့် ဥပဒေကြမ်းအရ လက် ကား နိုင်ငံခြားအရက်ပြင်း ရောင်းချခွင့်လိုင် စင်အား မူလ ၁၂ သိန်းမှ သိန်း ၃ဝ အထိ လည်းကောင်း၊ အရက်ချက်စက်ရုံအသေး ကို မူလအခွန် ၁၂ သိန်းမှ သိန်း ၅ဝ အထိ လည်းကောင်း၊ စက်ရုံအလတ်စားကို ၂၄ သိန်း မှ သိန်း ၁ဝဝ အထိနှင့် စက်ရုံအကြီးစားကို မူလ ၃၆ သိန်းမှ သိန်း ၁၅ဝ အထိ တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲမာန်
Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၅)။
Yangon Media Group

0 comments:

Post a Comment