Wednesday, September 10, 2014

ဒိုက်ဦးမြို့တွင် ယဉ်တိမ်းမှောက်မှု ဖြစ်ပွား

ဒိုက်ဦး စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့တွင် ၂၀၁၄ စက်တင်ဘာလ (၉)ရက် နံနက်(၄း၃၀)အချိန်တွင် ဒရယ်မီး ရပ်ကွက်၊ ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၈၆/၆)တွင် ယာဉ်မောင်းသိန်းဇော် (၂၂) နှစ်၊ (ဘ) ဦးမောင်မောင်၊ ခြင်္သေ့ဦးရပ်ကွက်၊ တောင်ငူမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် (၂ဃ) ၆၁၉၁ ဟွန်ဒိုင်း အမျိုးအစား ၂၂ ဘီး နောက်တွဲအမှတ် (၂ ဃ) ၆၁၉၁ ဘိလပ်မြေအိပ်များ တင်ဆောင်လျှက် ယာဉ် (လူလိုင်စင်ရှိ) သည် နောက်တွဲယာဘက် နောက်ဘီးတာယာ ပွင့်၍ အရှိန်မထိန်းနိုင်ပဲ ကားခေါင်းပိုင်းသည် လမ်း၏ အနောက်ဘက် ရောက်ရှိပြီး ယာဉ်မှာ ကားလမ်းပေါ်တွင် ကန့်လန့်အနေအထားဖြင့် လမ်းပိတ်ဆို့ ခဲ့သည်။
 အဆိုပါကိစ္စနှင့် ပတ်သတ်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သူကို သိန်းဇော်အား ဒိုက်ဦးမြို့မ ရဲစခန်းတွင် ယာဉ် (ပ) ၄၂/ ၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၇၉ အရ အရေးယူဆောင်ရွက်ခဲ့ပြီး လမ်းပိတ်ဆို့မှုအား ရှင်းလင်း ဖယ်ရှားခဲ့ရာ ၈ နာရီအချိန်တွင် လမ်းပွင့်၍ မော်တော်ယာဉ်များ ပုံမှန်သွားလာ လျှက်ရှိကြောင်း သတင်း ရရှိသည်။
MOI Webportal Myanmar

0 comments:

Post a Comment