Monday, September 1, 2014

သခင်ဖြစ်သူကို မီးထဲက ကယ်တင်ခဲ့သည့် ကြောင်မလေး

2 September 2014
ဆယ်လီလို့ခေါ်တဲ့ ကြောင်မလေးတကောင်က သူ့သခင်ကို မီးလောင်နေတဲ့ အိမ်ထဲကနေ ကယ်နိုင်ခဲ့အပြီး သူရဲကောင်းအဖြစ် ရေပန်းစားနေပါတယ်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ အိမ်မီးလောင်မှုတခုအတွင်း အသက် ၄၉ နှစ်အရွယ်သခင် အိပ်ပျော်နေတာကို အချိန်မီနှိုးနိုင်ခဲ့တာပါ။

သူ့သခင်ခရေ့ခ်ျ ဂျီးဗ်စ်က ကြောင်လေး ဟာ သူ့ခေါင်းပေါ် ခုန်တက်ပြီး အကျယ်ကြီး အော်နှိုး ခဲ့ကြောင်း၊ မဟုတ်ရင် ထနိုင်ခဲ့မှာ မဟုတ်ဘူး လို့ ပြောပါတယ်။

ကြောင်လေး ကို နှစ်ပေါင်း များစွာမွေးစားခဲ့လို့ ခုလို ပြန်ကယ်ခံရတာလို့ ဒေသခံမီဒီယာက အစီရင်ခံပါ တယ်။

အိမ်ထဲကအချိန်မီထွက်နိုင်ပြီး အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့လို့ ကံကောင်းတယ်လို့ ဒေသခံမီး သတ်ဌာန ကပ္ပတိန်က ပြောပါတယ်။

မီးလောင်မှုကြောင့် မီးခိုးမွှန်ခဲ့တဲ့ အိမ်ရှင်ဂျီ်းဗ်စ်ကို အခင်းဖြစ်ရာမှာတင် ကုသပေးခဲ့ပါတယ်။ သူကတော့ သူ့အိမ်ကို ပြန်မဆောက်နိုင်ခင် အိမ်နီးချင်းတွေနဲ့ နေမယ်လို့ ဒေသခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment