Monday, September 1, 2014

တောင်းပန်စာရမှ သရဖူကိုပြန်အပ်မယ်လို့ မေမြတ်နိုး ပြော

photo ကိုမျိုးခိုင်
မေမြတ်နိုး အနေနဲ့ ကိုရီးယားအဖွဲ့အစည်းက စပွန်ဆာရှာခိုင်းသလို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ လိုအပ်ချိန်မှာ အဖော်အဖြစ်နေရမယ်လို့ တောင်းဆိုခဲ့တာကြောင့် ငြင်းဆိုပြီး မြန်မာနိုင်ငံကို ပြန်လာ ခဲ့တာလို့ ဆိုပါတယ်။

ယခင်ပြောဆိုထားတဲ့မိန်းကလေး kpop အဖွဲ့ လည်း မလုပ်တော့သလို အစီအစဉ်ပြောင်းလဲ လိုက်ကြောင်း ခေါင်းအစခြေအဆုံး လှပအောင် ပလတ်စတစ် ဆာဂျရီလုပ်ပြီး ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များထံ စပွန်ဆာ ရှာခိုင်းကြောင်း| ကိုရီးယားတင်မက kpop လွှမ်းမိုးမှု ရှိတဲ့ ဂျပန်နိုင်ငံ မှာပါ စပွန်ဆာ ရှာခိုင်းတာကြောင့် လက်မခံဘဲပြန်လာတာ လို့စာနယ်ဇင်းရှင်းလင်းပွဲမှာ မေမြတ်နိုးက ပြောပါ တယ်။ မေမြတ်နိုးက အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး ပြိုင်ပွဲမှာတော့ အသက်ဆယ့်ရှစ်နှစ်အနေနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အာရှပစိဖိတ်ဝေါ အဖွဲ့အစည်း က ကြေညာချက်ကို မြန်မာနိုင်ငံရောက်မှ သိရှိခဲ့တာကြောင့် crown ပြန် မပေးဖြစ်ခဲ့ကြောင်း ခိုးလာတာမဟုတ်ကြောင်းရှင်းပြပါတယ်။

ကိုရီးယားအဖွဲ့အစည်းအနေနဲ့ သူတို့ အမှားကို သမီးအမှားပါလို့ ပုံချပြီး မြန်မာနိုင်ငံ ကိုရှုံ့ချတဲ့အ တွက် တောင်းပန်စာလိုချင်ပါတယ်။ တောင်းပန်စာရမှ crown ကို အဖွဲ့အစည်းကို ပြန်အပ်မယ်။ သမီးဘက် က မမှားလို့ တောင်းပန်စရာမရှိဘူး။ သူတို့မတောင်းပန်ရင် သက်ဆိုင်ရာကနေ ဆက်လုပ်သွားမယ်လို့ လည်း မေမြတ်နိုးက ဆိုပါတယ်။
ရဲလင်းလင်းသန်း
Kumudra

0 comments:

Post a Comment