Friday, September 26, 2014

Apple က ထုတ်သည့် iOS 8 update ဖုန်းခေါ်မရမှုများ ကြုံတွေ့

ဓာတ်ပုံ – ရိုက်တာ
26 September 2014
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က Apple က ထုတ်လိုက်တဲ့ iOS 8 update ဟာ iPhone တွေမှာ ဖုန်းခေါ်ဆိုလို့ မရတာတွေနဲ့ လက်ဗွေရာ sensor ပုံမှန် အလုပ်မလုပ်တာတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီပြသနာတွေအတွက် Apple က တရားဝင်တောင်းပန်ထားပြီး အဲဒီဖုန်းတွေ နဂို iOS 8.0 ကို ပြန်ဆင်း ဖို့တွေပါ တခါတည်းညွှန်ကြားချက်တွေ ထုတ်ပေးခဲ့ပါတယ်။

တကယ်တော့ အဲဒီ update ဟာ Apple ရဲ့ ကျန်းမာရေးလက်စွဲ App တခုမှာ အားနည်းချက်ကို ပြင်ဖို့ ထုတ်လိုက်တာ ဖြစ်ပေမယ့် တခြားပြဿ နာတွေပါ တက်ခဲ့တာပါ။ အဲဒါတွေကို ပြန် ဖြေရှင်းပေးမယ့် update တခု ထုတ်ဖို့ Apple က နေ့ညမအား ကြိုးစားနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်က iPhone အသစ်တွေကို Apple က ထုတ်ရောင်းခဲ့ပြီး ၁ ပတ်အတွင်း အလုံးရေ ၁၀ သန်းကျော် ရောင်းခဲ့ရပါတယ်။

ဒါပေမယ့် အခုလို iOS update ပြဿ နာတက်တာရယ်၊ iPhone 6+ ကို ဘောင်းဘီအိတ်ထဲ ထည့်ပြီး ထိုင်မိရင် ကွေးညွတ်သွားတဲ့ အားနည်းချက်တွေ တွေ့ရှိခဲ့တာကြောင့် သုံးစွဲသူတွေ ဘ၀င်မကျဖြစ် ခဲ့ကြပါတယ်။

iPhone 6+ ကွေးညွတ်သွားတဲ့ ပြဿ နာနဲ့ ပတ်သက်ပြီး Apple က ဖြစ်တောင့် ဖြစ်ခဲလို့ ပြောဆိုပါတယ်။

ရောင်းချခဲ့တဲ့ iPhone အလုံးရေ ၁၀ သန်းကျော်မှာမှ အဲဒီဖုန်း ကွေးညွတ်တဲ့ပြသနာ တင်ပြလာသူ ၉ ယောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

ဖုန်းတွေ အားလုံးကို ခံနိုင်ရည်စမ်းသပ်မှုအမျိုးမျိုးနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး ဖုန်းကို တမင်တကာ ချိုးမယ်ဆိုရင်တော့ ဘယ်ဖုန်းမဆို ကျိုးမှာလို့လည်း Apple က တုံ့ပြန်ပြောဆိုပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment