Tuesday, August 12, 2014

ဗြိတိန်က IS စစ်သွေးကြွများနှင့် တိုက်ခိုက်နေသည့် ကာဒ်တပ်ဖွဲ့များထံ လက်နက်ပေးပို့မည်

အီရတ်နိုင်ငံမြောက်ပိုင်းတွင် Islamic State စစ်သွေးကြွများအး တိုက်ခိုက်နေသည့် ကာဒ်တပ်ဖွဲ့များထံ စစ်လက်နက် များ ပေးပို့သွားမည်ဟု သြဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။


အခြားနိုင်ငံမှ ထည့်ဝင်ပေးမည့် အရေးကြီးသော စစ်ဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို လည်း ဗြိတိန်က အီရတ်သို့ပို့ပေး မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ဒေးဗစ်ကင်မရွန်၏ ရုံးအဖွဲ့က ထုတ်ပြန်ထား သည်။ မည်သည့်နိုင်ငံများက လက်နက်များ ထည့်ဝင်ကူညီမည်ကို အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

အရေးပေါ်အခြေအနေတုန့်ပြန်ဆောင်ရွက်ရေးကော်မတီ Cobra အား ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဟမ်မွန်က ခေါ်ယူခဲ့ပြီး ၀န်ကြီး ချုပ်ဒေးဗစ်ကင်မရွန်နှင့် သြစတြေးလျဝန်ကြီးချုပ်တိုနီအဘော့တို့အကြား ဖုန်းပြောဆိုမှုအပြီးတွင် ယခုကြေညာချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံ၏ နွေရာသီတွင် ပါလီမန်အစည်းအဝေးများ နားနေသော်လည်း Islamic State (IS) စစ်သွေး ကြွများ ပြဿနာကြီးထွားလာမှုကို ဖြေရှင်းရန် အစည်းအဝေးများ ပြန်လည်ခေါ်ယူဖွယ်ရှိ ကြောင်းသိရသည်။
အောင်ခင်
Mizzima - News in Burmese
Ref: AFP

0 comments:

Post a Comment