Tuesday, August 26, 2014

iPhone 6 စတင်မိတ်ဆက်မည့် ရက်ပါဝင်သည့် ဖုန်းဘူးခွံနှင့်အတူ ထွက်ရှိမည့်နေရက်တို့ သတင်းပေါက်ကြားလာ

iPhone 6 ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း ပြင်သစ်ဘလော့ဂ်တစ်ခုမှနေ သတင်းပေါက်ကြားမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ အဆိုပါသတင်းဟာ ဖုန်းရဲ့ ဘူးခွံနှင့်အတူ ဘူးခွံ အတွင်းရေးသားထားသည့် ရက်စွဲတို့ကို အတည်ပြုနိုင်ခဲ့ပြိး အဆိုပါ ဖုန်းဘူးခွံတွင် ထွက်ရှိမည့် ရက်စွဲကို ရေးထားခြင်းဖြစ်ပါတယ်။

ဖုန်းဘူးခွံတွင် ဖော်ပြထားသည့် iPhone 6 ၏ ပုံစံအရ ဒီဇိုင်းပိုင်းမှာ ယခင် iPhone 5S နှင့် သွင်ပြင်မခြား နားပဲ ဖုန်း၏ အသံအတိုးအချဲခလုပ်များ နှင့် ပါဝါခလုပ်များကို ပြောင်းလဲထားကြောင်း တွေ့ရပါတယ်။ ထိုအတူ အခြားရင်းမြစ်တစ်ခုရဲ့ သတင်းဖော်ပြချက်အရ 128 GB ဗားရှင်းကိုလည်း ထုတ်လုပ်မှာဖြစ် ပါတယ်။
Yangon Media Group
Ref : Dailymail.co.uk

0 comments:

Post a Comment