Saturday, August 30, 2014

အမေရိကန်သမ္မတအိုဘားမား နိုဝင်ဘာလ၌မြန်မာနိုင်ငံသို့လာမည်

ရန်ကုန် သြဂုတ် ၂၉
အမေရိကန်သမ္မတအိုဘားမားသည် လာမည့်နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့သွားရောက်မည်ဟု အိမ်ဖြူတော်၏အဆင့်မြင့်အရာရှိ တစ်ဦးက အတည်ပြုပြောကြားလိုက်ကြောင်း Economic Times သတင်းစာက ယနေ့ဖော်ပြသည်။

အိုဘားမားသည် မြန်မာနိုင်ငံ၌ကျင်းပမည့် အရှေ့အာရှညီလာခံ သို့ တက်ရောက်မည်ဖြစ်ပြီးလိုအပ် သည့်ပြင်ဆင်မှုများ စတင်ပြုလုပ် နေပြီဟု သိရသည်။ မြန်မာနိုင်ငံတွင်ကျင်းပမည့်အရှေ့အာရှထိပ်သီး ညီလာခံသည် အာရှ-ပစိဖိတ်ဒေသ အင်အားချိန်ခွင်လျှာထိန်းညှိ ရေးအတွက်အဓိကကျသည့် အစည်း အဝေးတစ်ခုဖြစ်ပြီး ကမ္ဘာ့စက်မှု ထိပ်သီးနိုင်ငံ ၂ဝအဖွဲ့၏ခေါင်းဆောင်များအားလုံးတက်ရောက် မည် ဖြစ်သည်။

အိုဘားမားသည် ယမန်နှစ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီ ကျွန်းတွင်ကျင်းပခဲ့သော အရှေ့အာရှထိပ်သီးညီ လာခံသို့ နိုင်ငံ အတွင်း၌ အစိုးရအသုံးစရိတ်ပြဋ္ဌာန်းရေး အကျပ်အတည်းကြောင့် တက်ရောက်နိုင်ခြင်း မရှိဘဲ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကိုသာ စေလွှတ်ခဲ့သည်။ အိုဘားမားသည် မြန်မာနိုင်ငံမှတစ်ဆင့်
တရုတ်နိုင်ငံနှင့်သြစ တြေးလျနိုင်ငံတို့သို့ ဆက်လက်သွားရောက်မည်ဟု သိရသည်။ အိုဘားမားသည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် နိုဝင်ဘာ ၁ဝရက် နှင့်၁၁ရက်များတွင်ကျင်းပမည့် အာရှ-ပစိဖိတ်စီး ပွားရေးပူးပေါင်း ဆောင်ရွက်ရေးညီလာခံသို့ တက်ရောက်မည်ဖြစ်သည်။
ပြည့်ဖြိုးနိုင်
The Union Daily

0 comments:

Post a Comment