Thursday, August 21, 2014

မဟာဗန္ဓုလတံတားအဆင်းတွင် ယာဉ်တိုက်မိမှုဖြစ်

ရန်ကုန်၊ သြဂုတ် ၂၁
၂၀.၈.၂၀၁၄ရက်နေ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ယာဉ်မောင်းသိန်းဇော် မောင်းနှင် လာသော ယာဉ်အမှတ် 5C---နီဆန်းဒီဇယ်ကွန်တိန်နာယာဉ်သည် ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား အဆင်းလမ်းအ တိုင်း ဗိုလ်တထောင်ဘက်မှ ဒေါပုံဘက်သို့ တစ်ဘက်ယာဉ်ကြောမှ လမ်းပြောင်းပြန်မောင်းနှင်လာစဉ် အရှိန်လွန်ကာလမ်းလယ်ကတ်တုံးများကို တိုက်မိပြီးနောက် ၎င်း၏ရှေ့ရှိ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း ဒေါ်လှဝင်းတင် မောင်းနှင်နေသော 4A---- PAJEROအနက်ရောင်ယာဉ်နှင့် တံတားယာ ဘက်လက်ရန်းတို့အား ဆက်လက်တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင်ယာဉ်ကို
ထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် တံတားယာဘက်လက်ရန်းအခန်း(၄)ခန်းနှင့် ယာဉ်များပျက်စီးသွားခဲ့ပြီး 4A- ယာဉ်မောင်း ဒေါ်လှဝင်းတင်တွင် ဖူးရောင်၊ နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေး ရုံကြီးတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း သိန်းဇော်အား ဒေါပုံမြို့မရဲစခန်းယာဉ်(ပ)၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

0 comments:

Post a Comment