Tuesday, August 12, 2014

ရွန်နီကို အသင်းခေါင်းဆောင်တာဝန်ပေးအပ်လိုက်ပြီဟု နည်းပြ ဗန်ဟားလ် အတည်ပြု

မန်ယူအသင်းခေါင်းဆောင်သစ် ၀ိန်းရွန်နီ (Photo-AFP)
မန်ယူအသင်းနည်းပြ လူးဝစ်ဗန်ဟားလ်က ၎င်းလက်ထက် ပထမဆုံးအသင်းခေါင်းဆောင်အဖြစ် တိုက်စစ်မှူး ၀ိန်းရွန်နီကို တာဝန်ပေးအပ်လိုက်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက်(၂၈)နှစ်အရွယ်ရှိ အင်္ဂလန် တိုက်စစ်မှူး ရွန်နီသည် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့သွားသည့် ဆားဘီးယားနောက်ခံလူ ဗီဒစ်၏ နေရာကို ဆက်ခံရခြင်းလည်း ဖြစ်သည်။

ရွန်နီကို အသင်းခေါင်းဆောင်တာဝန်ပေးအပ်ခြင်းအတွက် ဗန်ဟားလ်က အရေးကြီးဆုံး ရွေးချယ်မှုတစ် ခုဖြစ်ပြီး ၎င်း၏ ပရော်ဖက်ရှင်နယ်ဆန်မှု၊ ဦးဆောင်နိုင်မှုတို့က အသင်းခေါင်းဆောင်ရာထူးနှင့် ထိုက် တန်ကြောင်း ပြောကြားခဲ့သည်။
Eleven Media Group

0 comments:

Post a Comment