Wednesday, August 13, 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှု လုပ်ငန်းအောင်မြင်စေရန် မွန်ဆရာတော်ငါးပါး ပါဝင်သောအဖွဲ့က ရွှေတိဂုံတွင် ဝတ်ပြုဆုတောင်း

ရန်ကုန်၊
ဓမ္မစေတီ ခေါင်းလောင်းတော် ရှာဖွေတူးဖော်မှုလုပ်ငန်းမှာ အောင်မြင်နိုင်ခြေ ရှိ ကြောင်း ဓမ္မစေတီ မွန်ခေါင်းလောင်း တော်ဆယ်ယူရေး အထောက်အကူ ပြု ဆပ် ကော်မတီဥက္ကဋ္ဌမွန်ပြည်နယ် ချောင်း ဆုံမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်လှမောင်က ဒီမိုကရေစီတူဒေးသတင်းစာသို့ပြော သည်။

တူးဖော်မှုအပေါ်တွင် ထားရှိ သော စိတ်စေတနာနှင့် ဆိုင်ရာပိုင်ရာများ၏ ကူညီစောင့်ရှောက်မှု၊ သီလ သမာဓိပြည့်စုံပါက တူးဖော်မှုအောင် မြင်နိုင်ခြေ ရှိသည်ဟု ယူဆကြောင်း ယင်းကဆက်လက်ပြောသည်။

''ကိစ္စတစ်ခုကို လုပ်ပြီဆိုရင် မျှော်လင့်ချက်နဲ့လုပ်ကြတာလေ။ တူး ဖော်မှုကို မျှော်လင့်ချက်ရှိတယ်။ ဖြစ် လဲ ဖြစ်နိုင်တယ်။ အားလုံးရဲ့ကူညီ မှုတွေလဲပါဝင်တယ်ဆိုတော့စေတနာ နဲ့ သီလသမာဓိ နှစ်ချက်လုံးနဲ့ပြည့် စုံတယ်ဆိုရင် အောင်မြင်နိုင်တယ်။ ဒါကထင်မြင်ချက်ပါ။ အဖြေကိုတော့ စောင့်ကြည့်ရမှာပဲ'' ဟုယင်းကဆက် လက်ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော် ဆယ်ယူမှုအတွက် သြဂုတ်လ ၁၂ရက် ကပြုလုပ်ခဲ့သော ရွှေတိဂုံစေတီတော် ရှိ ဓမ္မစေတီဘုရားအရှေ့၌ မွန်ဘာ သာဖြင့် မွန်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်)မှဓမ္မစေတီ မွန်ခေါင်း လောင်းတော် ဆယ်ယူရေးအထောက် အကူပြုဆပ်ကော်မတီတစ်ခု ဖွဲ့ကာ ဝတ်ပြုဆုတောင်းခဲ့ သည်။

ဆုတောင်းပွဲတွင် မွန်ဆရာ တော်ငါးပါးမှမွန်ဘာသာဖြင့် မေတ္တာ ဘာဝနာပွားခြင်းများ၊ တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြောင်း အဆိုပါဝတ်ပြုဆုတောင်းပွဲကို ဘုရား ဖူးပြည်သူများကလည်း စိတ်ဝင် တစားလာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

''အဓိကကတော့ ခေါင်းလောင်း တော်ကိုတူးဖော်နေတဲ့ ဦးစံလင်းတို့ ဦးဝင်းမြင့်တို့ကို ကျန်းမာ၊ ချမ်း သာ အောင်ဆုတောင်းပေးပြီး ခေါင်း လောင်းဆယ်ယူမှုကို တစ်ဖက်တစ် လမ်းကနေ အောင်မြင်စေဖို့အ တွက် ဆုတောင်းပွဲလုပ်တာပါ။ နောက်ရက် တွေလဲ လုပ်သွားဖို့ရှိပါတယ်'' ဟုဓမ္မ စေတီခေါင်းလောင်းတော် ဆယ်ယူ ရေးအထောက်အကူပြုဆပ်ကော် မတီမှ ဒုတိယဥက္ကဋ္ဌဖြစ်သူဦးနိုင်မင်း အောင်က ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော် တူးဖော်ရရှိပါက မြန်မာတစ်နိုင်ငံလုံး ရှိဗုဒ္ဓဘာသာဝင်တိုင်းနှင့် သက် ဆိုင် ကြောင်း မွန်လူမျိုးတို့၏ အထွတ် အမြတ်ယဉ်ကျေးမှုအမွေဖြစ်သော်လည်း တူးဖော်သူ ဦးစံလင်း မှ ရွှေတိဂုံ စေတီတော်သို့သာ ပြန်လည်တင်လှူ မည်ဖြစ်ကြောင်း သိရသည်။

ဓမ္မစေတီခေါင်းလောင်းတော် ရှာဖွေမှုအတွက် သြဂုတ် ၁၁ ရက် တွင် ရေထဲသို့နှစ်ကြိမ်ခန့်ဆင်း ကာ ခေါင်းလောင်းရှိနိုင်သောနေရာ မြစ် ကြမ်းပြင်ကို ရှာဖွေမှုများလုပ်ဆောင် ခဲ့ကြောင်း သိရသည်။

ခေါင်းလောင်း တူးဖော်မှုအ တွက် မြစ်ထဲတွင်ဗညားလတ်သုံးထပ် သင်္ဘောနှင့် သောင်တူးသင်္ဘော (B)1701 တို့ကိုအထိုင်ချကာ သင်္ဘော ပေါ်တွင် ကြီးမားသောဘုရားခန်း ကြီးဖြင့် ကမ္ဘောဇဆရာတော်နှင့် အတူ တရားဘာဝနာပွားများသော ပုဂ္ဂိုလ် များလည်း ပါဝင်ကြောင်း ခေါင်း လောင်းဆယ်ယူရေးအဖွဲ့မှပြန် ကြား ရေးတာဝန်ခံ ဦးကြည်ဝင်းက ပြောသည်။

''အားလုံးကတရားရှုမှတ် မေတ္တာပို့လုပ်နေကြတယ်။ နှုတ်ကိုလဲ စောင့်စည်းရတယ်။ သက်သတ်လွတ် အစားအစာတွေကို တစ်ပတ်စာ လောက် ယူသွားကြတယ်'' ဟုယင်း ကဆက်လက်ပြောသည်။

ခေါင်းလောင်း ဆယ်ယူမှုအ တွက် အိမ်မက်အရ လာရောက် လှူဒါန်းသူများလည်းရှိသလို ဆယ်ယူမှု လုပ်ငန်းများကိုဆက်လက်လုပ် ကိုင်နေကြောင်းနှင့် ဆယ်ယူမှုကာလ ကို ရက်ပေါင်းနှစ်ဆယ်ခန့် ခန့်မှန်း ထားပြီး သီတင်းပတ်တစ်ပတ်ပြည့် ပါက ကုန်းပေါ်သို့ပြန်တက်မည်ဖြစ် ကြောင်း သိရသည်။

ခေါင်းလောင်းဆယ်ယူမှုကိုပြည် သူများက များစွာစိတ်ဝင်စားလျက် ရှိပြီး အနီးကပ်သွားရောက် ကြည့်ရှု နိုင်ရန် သမ္ဗာန်ငယ်လေးများက တစ် ဦးလျှင်ငွေကျပ်တစ်ထောင်နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိကာ သွားရောက် ကြည့်ရှုသူများပြားကြောင်းလည်း သိ ရသည်။

''မနက်၇နာရီလောက်ကနေ စဆွဲပေးတာ။ သမ္ဗန်ကိုအလှည့်ကျ နဲ့ ထွက်ပေးတယ်။ တစ်နေ့ ကို ခြောက်ထောင်လောက် ရတဲ့သူလဲ ရှိတယ်။ တစ်သောင်းလောက်ရတဲ့ သူတွေလဲရှိတယ်။ လာကြည့်တဲ့ သူ တွေကညနေ၇နာရီလောက်အထိရှိ တယ်'' ဟုခေါင်းလောင်းဆယ်ယူမှု ကို ကြည့်ရှုရန်လိုက်လံပြေး ဆွဲပေး လျက်ရှိသော သမ္ဗန်သမားကိုလှဝင်း က ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော် ကြီးမှာ နှစ်ပေါင်း ၄ဝဝခန့် ရေ အောက်တွင်နစ်မြုပ်နေကာ ဦးစံလင်း (မြေ ပုံမောင်စံလင်း) ဦးဆောင်သော ဆယ်ယူရေးအဖွဲ့မှ နှစ်ပတ်အတွင်း ကုန်းပေါ်အရောက် ဆယ်ယူမည်ဖြစ် ပြီး ဆယ်ယူမှုလုပ်ငန်းများကိုသြဂုတ် ၈ရက်တွင် စတင်ခဲ့ကာဆယ်ယူမှု လုပ်ငန်းများကိုဆက်လက် လုပ်ဆောင် နေကြောင်း သိရသည်။
MTZ
Yangon Media Group

0 comments:

Post a Comment