Friday, August 29, 2014

မောင်ကောင်းဇံမရ ဂျပန်နာမည်ကြီး ကလပ်အသင်းကြီးနှင့် ၃ နှစ်စာချုပ်မည်

29 August 2014
တိုကျို ယူ ၁၂ အသင်းလက်ရွေးစင် ဂိုးသမား မောင်ကောင်းဇံမရ ကျောနံပတ် ၂၂ ဟာ ဂျပန်နိုင်ငံနာမည်ကြီး ကလပ် Tokyo Verdy အသင်းကြီးနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုတော့မယ်လို့ မောင်ကောင်းဇံမရရဲ့ မိဘတွေက ဒီဗွီဘီကို ဒီနေ့ ပြောပါတယ်။

တိုကျိုမြို့မှာ သြဂုတ် ၂၈ ရက်နေ့က စတင်ကျင်းပနေတဲ့  U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲမှာ တိုကျိုလက်ရွေးစင်အသင်းရဲ့ ကျောနံပါတ် ၂၂ ဂိုးသမားအဖြစ် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ  ပါဝင်ကစားနေတာဖြစ်ပါတယ်။

နိုင်ငံတကာက အသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ အေစီမီလန် စတဲ့ အသင်းကြီးတွေရဲ့ လက်ရွေးစင် လူငယ်အသင်းတွေနဲ့အတူ ဂျပန်နိုင်ငံနာမည်ကြီး ကလပ်အသင်းကြီးတွေရဲ့ လူငယ်လက်ရွေးစင်အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

မောင်ကောင်းဇံမရ ပါဝင်ယှဉ်ပြိုင်နေတဲ့ တိုကျိုအသင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီး သြဂုတ် ၃၀ ရက်နေ့မှာ အေစီမီလန်လူငယ်အသင်းနဲ့ ဆက်လက်ယှဉ်ဖို့ ရှိနေပါတယ်။

မောင်ကောင်းဇံမရဟာ ဖခင်ဖြစ်သူ မြန်မာနိုင်ငံ ဘောလီဘောအသင်း လက်ရွေးစင်ဟောင်းနဲ့ မိခင်နိုင်ငံရေး အကျဉ်းသူဟောင်းတို့က ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ ၂၀၀၂ ခုနှစ်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
ဇော်ဇော်လှိုင်
DVB (မြန်မာပိုင်း)

0 comments:

Post a Comment