Wednesday, August 6, 2014

အွန်လိုင်းတွင် ပျံ့ နှံ့နေသည့် ကုလားထိုင်ပေါ်က ကျောင်းအုပ် ဆရာမကြီး ကို စတင် စစ်ဆေးနေ

ရန်ကုန်၊ သြဂုတ် ၅
အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် မော်လမြိုင်မြို့ အထက ၁ မှ ကျောင်း အုပ်ဆရာမကြီး၏ ဂါရဝမဲ့ အပြုအမူကို  စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေး နေပြီဟု ပညာရေး ဝန်ကြီးဌာနက သြ ဂုတ်လ ၅ ရက်နေ့တွင် သတင်းထုတ် ပြန်ခဲ့ခဲ့သည်။

ကျောင်းတွင်းအစည်းအဝေးပွဲ တစ်ခုတွင် ကျောင်းအုပ်ဆရာမကြီး တစ်ဦးတည်းကသာ စားပွဲပါ ကုလား ထိုင်နှင့် ထိုင်နေပြီး ကျန်ဆရာ၊ ဆရာမ များမှာ ကြမ်းပြင်ပေါ်ထို င်နေသည့် ဓာတ်ပုံအပါအဝင် ဆရာမ တစ်ဦး ဆေး ခန်းပြနေပုံစသည့် ဓာတ်ပုံတို့ကို သြဂုတ် ၄ ရက်နေ့က အွန်လိုင်း၌ ပျံ့နှံ့လာ သည့်အပေါ် ပညာရေးဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်သွားမည့် လုပ် ငန်းကို သတင်းထုတ်ပြန်ပေးခြင်းဖြစ် သည်။

ယင်းဓာတ်ပုံများကို ဖြန့်ဝေရာ၌ ဂါရဝမဲ့သည့် ဆရာမကြီးအား အရေး ယူရန်အတွက်သာ အဓိကဖော်ပြရေး သားထားသည်ကို တွေ့ရသည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူ တစ်ဦးက ”စစ်ဆေးမှုအရ ပေါ် ပေါက်လာတဲ့ ဆုံးဖြတ်မှုကို ကြိုတင် ပြောလို့ မရပါဘူး” ဟု ပြောသည်။

တက္ကသိုလ်ဆရာ၊ ဆရာမ အသင်း မှ ဦးသန်းထိုက်အောင်က ကျောင်းအုပ် တစ်ဦးတည်းကသာ ခုံပေါ်ထိုင် ပြီး ကျန် ဆရာမများအား ကြမ်းပြင်ပေါ် ထိုင်ခိုင်း ခြင်းမှာ အာဏာရှင် ပုံစံပေါက်နေ ကြောင်း ဝေဖန် သည်။”ဒီလို မဖြစ်သင့်ပါ ဘူး”ဟု ၄င်းက ပြောသည်။

ကာယကံရှင် ဆရာမကြီး၏ ကျောင်းအား ဆက်သွယ်ရာအဆက်အသွယ်မရခဲ့ပေ။ Facebook တွင် ဖြန့် ဝေရာ၌ ဆရာမကြီးမှ ပြည်နယ် ပညာ ရေးမှူးကို အခမ်းအနား တစ်ခုတွင် တွေ့ဆုံရာတွင် ဒူးထောက်တွေ့ ဆုံနေ သည့် ဓာတ်ပုံလည်းပါဝင်ခဲ့သည်။ယင်းကိစ္စနှင့် ပတ်သက်၍ အထက်ပါ မွန်ပြည်နယ် ပညာရေးမှူး ဦးမင်းထွန်း တင်က ”ဆရာမကြီးရဲ့ကိစ္စကို ကျွန် တော် မသိဘူး။ ဘာလို့ ဒီအမှု တွဲထဲ ကျွန်တော့်ကို ထည့်လည်း မသိဘူး။ ဒီဓာတ်ပုံက မင်္ဂလာဆောင်မှာ ပါဗျာ။ အဲဒီတုန်းက ဆရာမကြီးက လာနှုတ်ဆက်တယ်။ ဘေးမှာ ခုံမရှိလို့၊ သူ့ ဟာသူလာထိုင်ပြီး နှုတ်ဆက်တာ ကျွန် တော်နဲ့ ဘာမှ မဆိုင်ဘူး”ဟု ပြောသည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနက ယင်းဆရာမကြီးအား စုံစမ်းစစ်ဆေး သွားမည့်အကြောင်းအပေါ်တွင် လည်း ၄င်းက ”ဒါကတော့ အထက်ရဲ့ ဆုံးဖြတ် ချက်ပဲ။ ကျွန်တော်လည်း သြဂုတ် ၈ ရက်ဆို ပင်စင် သွားတော့မှာပါ”ဟု ပြော သည်။

သမ္မတ ဦးသိန်းစိန်၏ အစိုးရ လက်ထက်၌ အစိုးရဌာနဆိုင်ရာ အကြီး အကဲအချို့မှ လူထုအပေါ် နှိမ်ချဆက် ဆံမှု အချို့ပြုလုပ်ခဲ့ကြသည်။ ယခုအစိုး ရ လက်ထက် မတိုင် ခင်ကလည်း ယင်းအတိုင်းပင် ပြုမူခဲ့ကြ သည်ဟု သိရသည်။
PN-051

0 comments:

Post a Comment