Friday, August 29, 2014

အုပ်စုအသစ်ဖွဲ့စည်းပြီး တိုက်ခိုက်မှုများ ဆက်လုပ်သွားမည်ဟု တာလီဘန်ပြော

တာလီဘန်များ၏ အမာခံနယ်မြေများ ပါကစ္စတန်စစ်တပ်၏ ထိုးနှက်စစ်ဆင် ခံနေရချိန်တွင် ပါကစ္စတန် တာလီဘန်အုပ်စုသစ်က ဗုံးခွဲခြင်းနှင့် တိုက်ခိုက်ခြင်း များလုပ်ဆောင်မည် ဖြစ်ကြောင်း ကြွေးကြော်ထား သည်ဟု သြဂုတ် ၂၈ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တက်ရီခ်အီတာလီဘန် ပါကစ္စတန် TTP ပေါင်းစည်းအဖွဲ့တွင်း ၀ါဒစွဲပြင်းထန်သော အုပ်စုသစ်ကို ဖွဲ့စည်း လိုက်ကြောင်း အကြီးတန်းတပ်မှူးများက ကြေညာ သည်။ သို့သော်လည်း ပင်မလှုပ် ရှားမှုမှ ခွဲထွက်သွား မည် မဟုတ်ပေ။ ဇွန်လလယ် မှစ၍ မြောက်ဝါ ဇီရစ္စတန် လူမျိုးစုနယ်မြေရှိ TTP အခြေ စိုက်ဒေသကို ပါကစ္စတန် စစ်တပ်က ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲနေခြင်း ဖြစ်သည်။ စစ်သွေးကြွများ၏ ထိန်းချုပ်မှု အင်အားချည့်နဲ့စေခဲ့ပြီး ဖြစ် ကြောင်းလည်း ပြောသည်။

အွန်လိုင်းပေါ် တင်ခဲ့သည့် ဗီဒီယိုတွင် မျက်နှာဖုံး ထားသော တာလီဘန် အယ်လ်ကိုင်ဒါ နှစ်ဒါဇင်ခန့် တွေ့ ရပြီး မူလာနာကာ ဆင်ခိုရာစာနီကို ခေါင်းဆောင် တင်ကာ ဂျာမတ်-အူ-အာရာ အဖွဲ့အသစ်ကို ဖွဲ့စည်း သည်ဟု ၎င်းတို့က ကြေညာလိုက်သည်။

“လှုပ်ရှားမှု တွင်းမှာလည်း အုပ်စုကွဲ ဂိုဏ်းကွဲများစွာ ရှိပါတယ်။ တပ်မှူး တချို့တလေက လမ်းကြောင်း သွေဖည်သွားကြပါတယ်။ အဲ့ဒါကြောင့်ပဲ အုပ်စုသစ်ဖွဲ့ စည်းဖို့ ဖြစ်လာစေတာပါပဲ” ဟု တာလီဘန် အကြီးတန်း တပ်မှူးကာရီရှာကီ အမတ်ဟာ ကွာနီက ပြောသည်။

စစ်သွေးကြွအုပ်စုများတွင် စည်းရုံးမှု လျော့ရဲသော ညွန့်ပေါင်း TTP အဖွဲ့သည် ပြီးခဲ့သည့် လများအတွင်း အာဏာလုမှုများကြောင့် စိတ်ဝမ်းကွဲခဲ့ပြီး စစ်တပ်၏ ထိုးစစ်ကိုလည်း ခံလာရသည်။ မေလ အတွင်းတွင် TTP အဖွဲ့မှ မက်စုဂ်လူမျိုးစုများ ခွဲထွက်သွားသည်။ TTP တွင် မက်စုဂ်အုပ်စုသည် အထူး အရေးပါသည့် အုပ်စုဖြစ်ရာ ၎င်းတို့အဖွဲ့ ထွက်သွားခြင်းက TTP အတွက် အင်အား ယုတ်လျော့သွားခြင်းလည်း ဖြစ်သည်။
Mizzima - News in Burmese

0 comments:

Post a Comment