Wednesday, August 6, 2014

ဘုရားစိန်ဖူးတော် ခိုးယူသည့် တရားခံကို သက်ဆိုင်ရာမှ အချိန်မီ ဖမ်းဆီးနိုင်ခဲ့

ယခုလ(၄) ရက်နေ့ ၊ ညနေ (၄း၃၀) အချိန်တွင် ကောလင်းမြို့နယ်အတွင်းရှိ ခမောက်တောင်ဘုရားမှ စိန်ဖူးတော်နှင့် ရုပ်ပွားတော်များကို ခိုးယူသွားသူကို သက်ဆိုင်ရာမှ အချိန်မီ ဖမ်းဆီး အရေးယူနိုင် ခဲ့ကြောင်း သက်ဆိုင်ရာ ကောလင်းမြို့မ ရဲစခန်းမှ သိရသည်။

ကောလင်းမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဟုန်းထန်နှင့်အဖွဲ့ သည် ညနေပိုင်း ကင်းလှည့်နေ ချိန်တွင် ခမောက်တောင် ဂေါပက အဖွဲ့ များ ရောက်ရှိလာပြီး ဘုရားရှိ စိန်ဖူးတော်နှင့် ရုပ်ပွားတော်များကို ခိုးယူသွားကြောင်း အကြောင်းကြားလာ သဖြင့် နီးစပ်ရာသို့ စုံစမ်းရာ စိန်ဖူးတော် ခိုးယူသွားသူများကို ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖော်ထုတ်ရာတွင် ဆန်းနု (၃၈) နှစ် ၊ တောင်သူ ၊ ပင်စည်ကျေးရွာ ရေဦးမြို့နယ်အား ခိုးယူ လာသော လေးလက်မခန့်ရှိ စိန်ဖူးတော် တစ်ခု၊ သုံးလက်မခန့်ရှိ ရုပ်ပွားတော်တစ်ဆူ ဓာတ်တော်စေ တီ လေးလက်မခန့်ရှိ ဓာတ်တော်တိုက်တစ်ခု ဘိလပ်မြေဖြင့်ပြုလုပ်ထားသော ကျောက်ပုတီး တစ်ကုံး တို့အား အဖြူရောင် ပီနံအိတ်ဖြင့် ထည့်လျက်တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း ပထမသတင်းပေးချက်အရ သိရသည်။အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ကောလင်းမြို့မ ရဲစခန်းမှ ဘုရားစိန်ဖူးတော်နှင့် ရုပ်ပွားတော်များအား ခိုးယူမှုများဖြင့် ဆန်းနု (၃၈)နှစ်အား (ပ) ၂၂၁/ ၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သက်ဆိုင်ရာစခန်းမှ သိရသည်။
Messenger News Journal

0 comments:

Post a Comment