Wednesday, August 6, 2014

နယူးယောက်မြို့ တိုင်းမ်စကွဲရပ်ကွက်တွင် ခရီးသည်တင် ဘတ်စ်ကားနှစ်စီး တိုက်မိ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော် မက်ဟန်တန်ရှိ တိုင်းမ်စကွဲရပ်ကွက်တွင် သြဂုတ် ၅ ရက် ညနေပိုင်းက ခရီးသည် တင် နှစ်ထပ်ဘတ်စ်ကားနှစ်စီး တိုက်မိပြီး လွင့်စင်လာသော မှန်စများကြောင့် လူ ၁၄ ဦး ဒဏ်ရာရသွား ရာ သုံးဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။

အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဒဏ်ရာပြင်း ထန်သူမရှိကြောင်း နယူးယောက်မြို့ မီးသတ်ဌာနက  ထုတ်ပြန်ထားသည်။

ယာဉ်တိုက်မှုမှာ ၄၇လမ်းနှင့် အမှတ် (၇) ရိပ်သာလမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 ‘ကားနှစ်စီး တိုက်မိတဲ့အသံဟာ အမြင့်ကနေ တစ်စုံတစ်ရာ ပြုတ်ကျလာသလိုပါပဲ’ ဟု မျက်မြင် သက် သေတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့်အချိန်တွင် လူများဝရုန်းသုန်းကား ပြေးလွှားက အထိတ်တလန့်ဖြစ်ခဲ့ရ ကြောင်း  အဆိုပါ မျက်မြင်သက်သေက  ပြောသည်။


ယာဉ်တိုက်မှုဖြစ်ပွားရသည့်အကြောင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Mizzima News
Ref: Daily Mail

0 comments:

Post a Comment