Tuesday, August 19, 2014

မိုးသည်းထန်မှုကြောင့် မိုးညှင်း မြို့ပေါ်ရပ်ကွက်များ ဒုတိယအကြိမ် ရေကြီး

19 August 2014
ကချင်ပြည်နယ် မိုးညှင်းမြို့၌ သြဂုတ်၁၉ရက်နေ့ နံနက်၁နာရီ၃၀ခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မိုးရေချိန်ရေအမှတ် ၅.၂၄ လက်မရှိခဲ့ပြီး မိုးညှင်းမြို့မြို့ပေါ်ရှိ ရပ်ကွက်များ ဒုတိယ အကြိမ်ရေလွှမ်းမိုး မှုဖြစ်ပေါ်ခဲ့သည်။

ထိုကဲ့သို့ မိုးရွာသွန်း၍ ရေးလွှမ်းမိုးခဲ့မှုကြောင့် မိုးညှင်းမြို့အောင်သပြေရပ်ကွက်ရှိ အမှတ်၂ ဈေးကြီး၏ အုတ်ခုံခံဝင်းခြံများ ရေတိုက်စားခံရပြီး ဈေး၏အရှေ့ဘက် ပေ၈၀၊အနောက်ဘက် (၂၁၆) ပေခန့် ပြိုပျက်သွားခဲ့သည်။

“ခြံစည်းရိုးတွေပြိုလဲနေတာသိလို့ ချက်ခြင်းစစ်ဆေးခဲ့တဲ့အချိန်မှာ ရေကဘောင်လယ်လောက် ရှိနေသေး တယ်။ အရေးပေါ်ချက်ချင်းပြင်ဆင်ဖို့ ၀န်ထမ်းလုပ်သား၂၅ဦးကိုတာဝန်ပေးထားပြီးပါပြီ။ ပျက်စီးမှုစရိတ် မတွက်ချက် ရသေးပါဘူး။ဈေးခြံစည်းရိုးကို အုတ်ခံ ၃ပေ အနက်တူးပြီး တည် ဆောက်ခဲ့တာ။ မိုးရေစီးအား ကောင်းတော့ မြေသားတွေ တိုက်စားခံရပြီး ပြိုလဲမှုတွေဖြစ်လာတာပါ” ဟု မြို့နယ်စည် ပင်အမှုဆောင် အရာရှိဦးလှမိုးက ပြောသည်။

ထိုကဲ့သို့ ရေလွှမ်းမိုးခဲ့ခြင်းကြောင့် အ.မ.က သိမ်အင်းကျောင်း၊ အ.မ.ကကန်တော်ကုန်းကျောင်း၊ အ.မ.က နန်းပုတ်ကျောင်း၊ အ.မ.က မိုးဒါးစုကျောင်း၊အ.မ.က အောင်သပြေ(၁)ကျောင်း၊ အ.မ.က အောင်သပြေ (၄)ကျောင်း၊ အ.မ.ကအုတ်ကျင်းကျောင်း၊ အ.မ.ကနတ်ကြီးကုန်း (ဗမာပိုင်း)ကျောင်းများမှာ ခေတ္တပြန် ပိတ်ထားရကြောင်းနှင့် ပထမအကြိမ် ၁၄ ရက် နေ့က ကဲ့သို့နန့်ရင်းချောင်းရေ ကြီးလာပါကလည်း လိုအပ်သည်များ ဆောင်ရွက်ရန် ကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ထား သည်ဟု မိုးညှင်းရဲစခန်းမှ သိရသည်။

ရေလွှမ်းခံရသည့် ရပ်ကွက်များမှာ ရေလယ်ကျွန်းရပ်ကွက်၊ နားခါရပ်ကွက်၊အရှေ့စုရပ်ကွက်၊ အောင် သပြေရပ်ကွက်၊ စိမ်းရတနာမွန်ရပ်ကွက်၊အောင်ချမ်းသာရပ်ကွက်တို့ဖြစ်သည်။

ပြိုလဲခဲ့သော အမှတ်(၂)အောင်သပြေဈေးမှ ခြံစည်းရိုးများအုတ်ခုံခံတိုင်များပြိုခဲ့သည့် အပြင် သံစကာများ ကပ်ထားသည့် Rc အုတ်တိုင်များလည်းကျိုးပဲ့ခဲ့ကြောင်း သိရသည်။
သန်းထွန်း (မြစ်မခ)

0 comments:

Post a Comment