Sunday, August 17, 2014

တရုတ်တွင် ငလျင်လှုပ်၊ ထိခိုက်ဒဏ်ရာရမှုများ ရှိ

Photo: China Daily
18 August 2014
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းက လှုပ်ခတ် ခဲ့တဲ့ ငလျင်ကြောင့် လူတဒါဇင်ကျော် ဒဏ်ရာရသွားတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ပြင်းအား ၅ အဆင့်ရှိတဲ့ ငလျင်ဟာ ယွန်ဆန်း စီရင်စုနယ်မြေမှာ မနက် ၆ နာရီဝန်းကျင်က လှုပ်ခတ်ခဲ့တယ် လို့ ဆိုပါတယ်။

ငလျင်ကြောင့် အိမ်တွေ ပျက်စီးပြီး လူ ၁၉ ယောက်ကို ဆေးရုံတင်ထားရပြီး လူအယောက် ၁ ထောင်ကျော် ကို ကယ်ဆယ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒီလ အစောပိုင်းကလည်း အနီးအနားက စီရင်စုမှာ ပြင်းအား ၆ ဒသမ ၅ ရှိတဲ့ ငလျင်ကြောင့် လူ ၆၀၀ ကျော် သေဆုံးခဲ့ပြီး အိမ်ပေါင်း ၈ သောင်းကျော် ပျက်စီးခဲ့ပါတယ်၊

သြဂုတ် ၁၇ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကို အနီးအနားက နယ်မြေတွေကလည်း သိသိသာသာ ခံစားခဲ့ရပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment