Friday, August 29, 2014

ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့အသုံးပြုသည့် ဆိုင်ကယ်များကို လိုင်စင်ရှိ/မရှိ စစ်ဆေး

ရေတာရှည် ဩဂုတ် ၂၈
လိုင်စင်မဲ့ ဆိုင်ကယ်များကို စက်တင်ဘာလ (၁)ရက်နေ့မှ စတင်ကာ အရေးယူ ဆောင်ရွက်တော့ မည့် ရှေ့ပြေးဆောင်ရွက်မှု အဖြစ် ပဲခူးတိုင်းဒေသ ကြီး၊ ရေတာရှည်မြို့နယ် အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ စီးနင်း အသုံးပြုနေသည့် ဆိုင်ကယ်များ လိုင်စင်စစ်ဆေးခြင်းကို ဩဂုတ်လ(၂၇)ရက် နေ့နံနက်ပိုင်းက မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တွင် ပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ ဆွာနယ်မြေ ရဲစခန်း၊ သာဂရနယ်မြေ ရဲစခန်း၊ မြို့လှနယ်မြေ ရဲစခန်း၊ ရေနီနယ်မြေ ရဲစခန်းများရှိ ရဲတပ်ဖွဲ့ဝင်များ စီးနင်း အသုံးပြုနေသည့် ဆိုင်ကယ်များအား ယာဉ်လိုင် စင် မှန်ကန်မှုရှိ/မရှိ၊ ယာဉ်မောင်းလိုင်စင်ရှိ/မရှိကို မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဥာဏ်ဝင်း ဦးစီးပြီး စစ်ဆေးခဲ့ရာ စုစုပေါင်း ဆိုင်ကယ် အစီး(၆၀)ကျော်စစ်ဆေးခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
MOI Webportal Myanmar

0 comments:

Post a Comment