Monday, August 25, 2014

သတ်မှတ်ရက် ပြည့်သော်လည်း ဓမ္မစေတီခေါင်းလောင်းတူးဖော်မှု မထူးခြားသေး

Tuesday, 26 August 2014 08:30
ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမည်ဟု သတင်းများထွက်ပေါ်သောကြောင့် ညပိုင်းအချိန် ပြည်သူများ လာရောက်ကြည့်ရှုသည်ကို ၂ဝ၁၄ခုနှစ် ၂၅ရက် ညပိုင်း ၁၁ ကျော်က ရန်ကုန်မြိုက ရှုခင်းသာ ပန်းခြံအနီး ဆိပ်ကမ်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ခေါင်းလောင်းအား ဆယ်ယူခြင်း မပြုလုပ်ခဲ့ပေ။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမည်ဟု သတင်းများထွက်ပေါ်သောကြောင့် ညပိုင်းအချိန် ပြည်သူများ လာရောက်ကြည့်ရှုသည်ကို ၂ဝ၁၄ခုနှစ် ၂၅ရက် ညပိုင်း ၁၁ ကျော်က ရန်ကုန်မြိုက ရှုခင်းသာ ပန်းခြံအနီး ဆိပ်ကမ်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ခေါင်းလောင်းအား ဆယ်ယူခြင်း မပြုလုပ်ခဲ့ပေ။

သြဂုတ် ၉ ရက်က စတင်ဆယ်ယူမှု ပြုလုပ်နေသည့် ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုသည် သုံးပတ် အကြာ သြဂုတ် ၂၆ ရက်တွင် ဆယ်ယူနိုင်မည်ဟု တူးဖော်ရေးအဖွဲ့ ဦးဆောင်သူ ဦးစံလင်းက ပြောဆို ထားသည့်အတွက် ယနေ့တွင် သတ်မှတ်ရက်ပြည့်ပြီဖြစ်သည်။

သို့သော် ယနေ့ထိ ထူးခြားချက်တစ်စုံတစ်ရာ မတွေ့ရဘဲ ခေါင်းလောင်းအသစ် တစ်လုံးထပ်တွေ့ခြင်း၊ နဂါးများက အိပ်မက်ပေးခြင်းဟူသည့် ပုဂ္ဂလိကသတင်းစာအချို့တွင် ရေးသားချက်များသာ ကောလာဟလ အဖြစ် ထွက်ပေါ်ခဲ့ပြီး တူးဖော်သည့်အဖွဲ့က ထုတ်ပြန်ချက်တစ်စုံတစ်ရာ မထုတ်ပြန်နိုင်သေးပေ။

ဦးစံလင်း၏ ပြောကြားချက်အရ ၁၉၉၈ ခုနှစ်၊ သြဂုတ် ၁၁ ရက်က ၎င်းကိုယ်တိုင် ရေငုပ်ရှာဖွေခဲ့ ရာ ရေအောက် ၂၇ ပေ၊ မြေကြီးအောက် ၂၅ ပေ၊ စုစုပေါင်း ၅၂ ပေတွင် အတိအကျ တွေ့ရှိ ထားပြီးဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ခန့်က နစ်မြုပ်ခဲ့သည့် ခေါင်းလောင်းကို ၁၉၉၈ နှစ်တွင် အတိအကျတွေ့ရှိခဲ့သည်ဟု ဆိုထားပြီး ယခု ၂၀၁၄ ခုနှစ်တွင် အဆိုပါတွေ့ရှိမှုမှာ ၁၆ နှစ် ရှိပြီဖြစ်သည်။

ဦးစံလင်း၏ အထက်ပါပြောကြားချက်များမှာ ဇူလိုင် ၂၅ ရက်က ရန်ကုန်မြို့ ယခင် City Star ဟိုတယ် တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ဖြစ်ပြီး ခေါင်းလောင်းနှင့်ပတ်သက်သည့် တွေ့ရှိချက်များ ကိုလည်း အတိအကျဟုဆိုကာ စာရွက်များ ဖြန့်ဝေခဲ့သည်။

ခေါင်းလောင်းဆယ်ယူမှုနှင့် ပတ်သက်၍ နတ်စင်တစ်ရာဆရာတော်လည်း ပါဝင်ခဲ့ပြီး ခေါင်းလောင်းကြီး ကို သေချာပေါက်တွေ့ရမည်ဟု မိန့်ကြားထားသည်။

ဗေဒင်ဆရာ စံဇာဏီဘိုကမူ စတင်တူးဖော်သည့်ရက်သည် ၀ါခေါင်လပြည့်နေ့ (သမားညိုနေ့) ဖြစ်သည့် အတွက် တူးဖော်ရာတွင် တစ်ပိုင်းတစ်စဖြစ်တတ်သည်ဟု ဟောထားသည်။
ကျော်စွာဝင်း
Mizzima - News in Burmese

0 comments:

Post a Comment