သထုံ သြဂုတ် ၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဘိုရားကြီးကျေးရွာတွင် လေဆင်နှာမောင်း
တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် သစ်ပင်များပြိုလဲခဲ့ပြီး
ငါးဖမ်းလှေငယ်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၃ ရက်၊ နေ့လည် ၁၂ နာရီ ၁၀ မိနစ်အချိန်က ဘိုရားကြီးကျေးရွာအုပ်စု၊
ကမ်းနားပိုင်း အရှေ့ဘက်ခြမ်းတွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ
ယင်းလေဆင်နှာမောင်းကြောင့် ပျဉ်ထောင် အိမ် ၆ လုံး၊ တဲအိမ် ၃၂ လုံးနှင့်
ငါးဖမ်းလှေငယ် ၁၀ စီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး ရန်ကုန်-မော်လမြိုင်
ရထားလမ်း၊ မိုင်တိုင်အမှတ် (၉၄)နှင့် တစ်ဖာလုံခန့် အကွာတွင်
ရထားသံလမ်းပေါ်သို့ ညောင်ပင် တစ်ပင်ပြိုလဲ ကျခဲ့ရာ ရထားလမ်း
ယာယီပိတ်ဆို့ခဲ့သည်။
အဆိုပါ ညောင်ပင်အား ကျေးရွာအုပ်ချုပ်
ရေးမှူးနှင့် ကယ်ဆယ်ရေး အဖွဲ့ဝင်များက ခုတ်ထွင် ရှင်းလင်းပြီး လေဘေးဒဏ်
ခံရသူများအား နီးစပ်ရာ ဆွေမျိုးမိသားစုများထံ ယာယီပို့ဆောင်ပေးကာ ၎င်းတို့၏
စားဝတ် နေရေးနှင့် ထိခိုက် ပျက်စီးသွားသည့် နေအိမ်များ အမြန်ဆုံး
ပြန်လည်ပြင်ဆင်နိုင်ရေး တို့ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော
သဘာဝဘေး ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကူညီ ဆောင်ရွက် ပေးလျက် ရှိသည်။
ယင်းဖြစ်ရပ်ကြောင့် စုစုပေါင်း ငွေကျပ် ၁၃၉ သိန်းဖိုးခန့်
ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁၉၄ ဦးခန့် အိုးအိမ်မဲ့ ဖြစ်ပွားခဲ့ကာ
လူနှင့်တိရိစ္ဆာန်များ သေဆုံးမှု မရှိကြောင်း သိရသည်။
MOI Webportal Myanmar
Wednesday, August 6, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment