Wednesday, August 13, 2014

အီရတ်မြောက်ပိုင်းမှ ယာဇီဒစ်လူမျိုးစု ဒုက္ခသည်များ တင်ဆောင်လာသည့် ရဟတ်ယာဉ် ပျံတက်စဉ် ပြုတ်ကျ

Thursday, 14 August 2014
အီရတ်နိုင်ငံ အနောက်မြောက်ပိုင်း  ဆင်ဂျာတောင်တန်းများတွင် နေထိုင်သည့် ယာဇီဒစ်လူမျိုးစု ဒုက္ခ သည်များ တင်ဆောင်လာသည့် Mi-17 အမျိုးအစား ရ ဟတ်ယာဉ်တစ်စင်းသည် ပျံတက်စဉ် အလေး ချိန်များပြီး ပြုတ်ကျခဲ့ရာ ရဟတ်ယာဉ်မှူးသေဆုံးသွားပြီး အများအပြားဒဏ်ရာရရှိသွားသည်။

ဒဏ်ရာရသူများတွင် ကလေးငယ်များအပါအ၀င် ယဇီဒစ်မျိုးနွယ်စု  လွတ်တော်အမတ်တစ်ဦးနှင့် နယူး ယောက်တိုင်းမ်မှ ဂျာနယ်လစ်တစ်ဦးတို့ လည်း ပါဝင်သည်။

ဆင်ဂျာတောင်တန်းဒေသများရှိ Islamic State စစ်သွေးကြွများအား အမေရိကန်က လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် ဒုက္ခသည် များ အနေဖြင့် နေရပ်မှစွန့်ခွာထွက်ပြေးနိုင်ခဲ့ပြီး ဆီးရီးယားနှင့် အီရတ်နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် တိမ်းရှောင်နေကြရသည်။

မိမိတို့ဘာသာသို့ မကူးပြောင်းသူ ယာဇီဒစ်အားလုံးကို သတ်ပစ်မည်ဟု IS သူပုန်များ ခြိမ်းခြောက် ထားသည်။ ယာဇီဒစ်များသည်     ၎င်းတို့မျိုးနွယ်စုများ၏ ရိုးရာယုံကြည်မှုကိုသာ ဘာသာတစ်ခုအဖြစ် ကိုးကွယ်နေကြသူများဖြစ်သည်။

အဆိုပါ လူနည်းစုမျိုးနွယ်ဝင်များအနေဖြင့် စစ်သွေးကြွများ၏ တိုက်ခိုက်ခံနေရမှုကြောင့် အီရတ်နှင့် အမေရိကန်လေယာဉ်များက အစား အစာနှင့် ရေများကို လေကြောင်းမှ ထောက်ပံ့ပေးနေရသည်။

ယာဇီဒစ်မျိုးနွယ်များကို ကယ်တင်ရန် နိုင်ငံတကာအစီအစဉ်များကို လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ဗြိတိန်ဝန်ကြီး ချုပ် ဒေးဗစ်ကင်မရွန်က ပြောကြားထားသည်။
Mizzima News
Ref:Daily Mail

0 comments:

Post a Comment