Wednesday, August 20, 2014

ငွေထုတ်စက် ၁၀၀၀ ၀န်းကျင် ရပ်ဆိုင်းနေ

20 August 2014
To match Insight MYANMAR-BANKS/မြန်မာ့ဆက်သွယ်ရေးရဲ့ အင်တာနက် အိုင်ပီချိတ်ဆက်မှု မူဝါဒ အပြောင်းအလဲကြောင့် အလိုအလျောက် ငွေထုတ်စက် (အမ်ပီယူ) အလုံး ၁ ထောင်ဝန်းကျင် အလုပ်မ လုပ်နိုင်ဘဲ ရပ်ဆိုင်းနေရတယ်လို့ Myanmar Payment Union အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

MPU အလိုအလျောက် ငွေထုတ်စက် စုစုပေါင်း အလုံး ၃ ထောင် ၀န်းကျင်ရှိပြီး မြန်မာ့ ဆက်သွယ်ရေး၊ RedLink ကုမ္ပဏီတွေနဲ့ အင်တာနက် ချိတ်ဆက်ပြီး အသုံးပြုနေတဲ့အကြောင်း၊ သိပ်မကြာသေးခင်တုန်း က မြန်မာ့ဆက်သွယ်ရေးဟာ အသုံးပြုသူတဦးကို အိုင်ပီယူတခုစီပဲ အသုံးပြုခွင့်ပေးမယ် ဆိုတဲ့ မူဝါဒတခု ချမှတ်ခဲ့ကြောင်း၊ ဒါကြောင့် မြန်မာ့ဆက်သွယ်ရေးနဲ့ ချိတ်ဆက်ထားတဲ့ အိုင်ပီ ၂ ခုအနက် ၁ ခု ဖြုတ် ချခံခဲ့ရပြီး အဲဒီ အိုင်ပီနဲ့ ချိတ်ဆက်ထားတဲ့ ငွေထုတ်စက်တွေ အသုံးပြုမရတော့တာ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

ခုအခါ မြန်မာ့ဆက်သွယ်ရေး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးနေပြီး အဆင်ပြေ သွားရင်တော့ ငွေထုတ် စက် ၁ ထောင်ဝန်းကျင် ပြန်အသုံးပြုနိုင်မယ်လို့ ဦးဇော်လင်းထွဋ်က ပြောပြပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment