Friday, August 29, 2014

တပ်အငြိမ်းစားအရာရှိ ၆၀ ခန့်ကို ရွေးကောက်ပွဲကော်မရှင်ရုံးက တာဝန်များ ပေးအပ်

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများ ရေတွက်နေစဉ်
29 August 2014
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများ ရေတွက်နေစဉ် တပ်မတော်က အငြိမ်းစားအရာရှိ အဆင့် ၀န်ထမ်း ၆၀ လောက်ကို ရာထူးအဆင့်ကို လိုက်ပြီး တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်တွေမှာ ကော်မရှင်ရုံးရဲ့ ရုံးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ တာဝန် ပေးထားတာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

သူတို့တွေဟာ သက်ဆိုင်ရာ တိုင်း၊ ခရိုင်နဲ့ မြို့နယ် ကော်မရှင်အဖွဲ့တွေရဲ့ လက်အောက်မှာ ရုံးလုပ်ငန်း တာဝန်တွေ ထမ်းဆောင် လုပ်ကိုင်ကြမှာ ဖြစ်ပြီး ကော်မရှင်မှာ မပါဘူးလို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ တပ်မတော်သားအရာရှိတွေကို ကော်မရှင်အဆင့်ဆင့်မှာ တာဝန်ပေး ခန့်ထားတာတွေ လုပ်ခဲ့လို့ နိုင်ငံရေးပါတီတချို့နဲ့ မီဒီယာတချို့က ဝေဖန် ရေးသား ပြောဆိုခဲ့ကြပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment