Tuesday, August 19, 2014

အာရကန်မှရိုဟင်ဂျာများစာအုပ်ကို မိမိရေးသားခြင်းမဟုတ်ကြောင်း ဦးကိုနီငြင်းဆို

အမှန်တရားကို မျှော်လင့်နေ  သော အာရကန်မှရိုဟင်ဂျာများ စာအုပ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ရှေ့နေဦးကိုနီရေးသား ထုတ်ဝေခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိကြောင်းသိရ သည်။

ယင်းကဲ့သို့ထွက်ပေါ်နေမှု အပေါ်ရှေ့နေဦးကိုနီက ““အလွန် အောက်တန်းကျတဲ့လုပ်ရပ်တစ်ခုပါ၊ ကျွန်တော်ကိုယ်ရေးရာဇ၀င်ကို လေ့လာကြည့်ပါ၊ မြန်မာပြည် မှာမွေးဖွားလာတဲ့၊ သာမာန်လူ ဦးကိုနီပါ၊ အစ္စလာမ်ဘာသာကိုး ကွယ်တယ်၊ မြန်မာပြည်သန်း ခြောက်ဆယ်ထဲက အရေးမပါတဲ့ သာမာန်လူ တစ်ယောက်ဖြစ်နေပေမဲ့၊ သို့သော်လည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို တစ်ခုခုလုပ် ချင်သ လား၊ ဒေါ်အောင်ဆန်းစု ကြည်ကို သိက်္ခာချခြင်လို့လုပ်တာ လားတော့မသိဘူး။ ဒီစာအုပ်ကို ကျွန်တော်မရေးတဲ့ဟာကို ကျွန် တော်ရေးတယ်ဆိုပြီး၊ တော်တော် အောက်တန်းကျတယ်။ ကျွန်တော် နဲ့လုံးဝမပတ်သက်တဲ့ ကိစ္စကို ဘာ ကြောင့်လုပ်ကြံသလည်း ဒီသတင်း ကိုဖြန့်တဲ့ လူတွေရဲ့နောက်ကွယ် မှာ ဘယ်သူတွေရှိတယ်ဆိုတာ ၀ိုင်းဝန်းစုံစမ်းဖို့ပြောချင်တယ်””ဟု ၎င်း၏သဘောထားကို ပြောကြသည်။

အဆိုပါစာအုပ်ကိုဝယ်ယူလို သူများမှ လာရောက်မေးမြန်းမှု များရှိနေကြောင်း စာအုပ်အရောင်း ဆိုင်တဆိုင် မှ ၀န်ထမ်းတစ်ဦးက ဆိုသည်။

““ကျွန်တော်ဘ၀မှာ ဒါမျိုးရေး ဖို့အစီအစဉ်လုံးဝမရှိဘူး။ ကျွန် တော်နဲ့ဘာမှ မပတ်သက်ဘူးလို့ ပြောချင် တယ်။ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်မှုကိုယုံကြည်တယ်၊ မြန်မာ ပြည်ကို ကောင်း ရာ ကောင်း ကြောင်း လုပ်နိုင်တာ ဒေါ်အောင် ဆန်းစုကြည်တစ်ယောက်ပဲရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုထောက် ခံပြီး ပံ့ပိုးပေးနေတယ်။ ကျွန်တော် လုပ်ရပ်မှန်ရင်ကောင်းစားမှာက ဗုဒ္ဓဘာသာအများစုပဲ။ ကျွန်တော် တို့က လူနည်းစုပဲ။ ဒါတွေကိုတစ် ခုမှ မစဉ်းစားပဲနဲ့ တိုင်းပြည်အပေါ် ထားတဲ့ မေတ္တာစေတနာနဲ့ ယုံ ကြည်ချက်၊ ခံယူချက်တွေနဲ့လုပ် ပေးနေတာပါ”ဟု ၎င်းက ဆက် ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ရှေ့နေဦးကိုနီသည် ဖွဲ့စည်း ပုံပြင်ဆင်ရေးနှင့် အချိုးကျရွေး ကောက်ပွဲ စနစ်ကို အများပြည်သူ သိရှိရန်အတွက် ဟောပြောနေသူ ဖြစ်သည်။

အဆိုပါကိစ္စရပ်များကို စာရေးဆရာထင်လင်းဦး(Wisdomvaller) က ““ဒီကိစ္စကို စုံစမ်းတဲ့အခါ ကျတော့ ရွှေမင်းရာ ဆိုတဲ့ ဆိုက်ကတင်တယ်။ ပြီး တော့ မှူးဇော်ဆိုတဲ့အကောင်နဲ့ တော်တော် များများကTag လုပ် ပေးထားတယ်။ ဦးကိုနီက ဒီလို ထိလွယ်ရှလွယ်တဲ့ကိစ်္စရပ်တွေကို ဘယ်တော့ မှမပြောဘူး။ တမင် လုပ်ကြံပြီးလုပ်တယ်ဆိုတာ တွေ့ ရတယ်။ ဒီစာအုပ်က ရေးတဲ့သူ အမည်မပါသလို ထုတ်ဝေသူ အမည်လည်း မသိရဘူး။ ဒါတွေ ကရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေတာ၊ ၄၃၆ ကိစ္စမှာ ဦးကိုနီက ထက် ထက်မြက်မြက်ပြောနိုင်တဲ့ လူ တစ်ယောက်ဖြစ်နေတယ်။ တခြား သူတွေကို တိုက်ခိုက်နေပေမဲ့ ဘာ သာရေး၊ လူမျိုးရေးပြဿနာမရှိ တော့ သိပ်ပြီးတော့ ပြောလို့မရ ဘူး။ ဦးကိုနီကတော့ ဘာသာရေး၊ လူမျိုးရေးတွေပါနေတဲ့အတွက် တိုက်ခိုက်တာ ဖြစ်ပါလိမ့်မယ်။ အခု ကျွန်တော်နဲ့တွဲပြီး ပီအာရ် စနစ်ကို ဟောပြောနေတယ်။ အခု သူ့ကိုတိုက်ခိုက်ဖို့အတွက် စတင်ခြေလှမ်းပြင်လိုက်တယ်လို့ ယူဆပါတယ်””ဟု အမြင်ကိုပြော သည်။

ထိုကဲ့သို့ တိုက်ခိုက်မှုများ သည် သန့်ရှင်းသည့်တိုက်ပွဲဆိုရင် ယှဉ်ပြိုင်ရသည်မှကောင်းကြောင်း နှင့် ယခုကိစ္စ ရပ်သည် အလွန် အောက်တန်းကျသည့်လုပ်ရပ်ဖြစ် ကြောင်းကို ၎င်းကဆိုသည်။

““တိုက်ခိုက်ချင်တဲ့လူတွေက လုပ်ကြမှာပဲ။ ဒီအချိန်က အား ပြိုင်နေကြတဲ့အချိန် ဖြစ်နေတယ်။ ဒီဘက်က လည်း လုပ်စရာရှိတဲ့ ကိစ္စတွေကို ပြည်သူသိသင့်သိ ထိုက်တာတွေကို ဟောပြောရ မယ့်အချိန် ဖြစ်နေ တယ်။ ထိထိ ရောက်ရောက်ပြောနိုင်တဲ့လူကို စင်ပေါ်ကနေ ရိုက်ချဖို့အတွက် ပြင်ဆင်တာပဲ။ ဒါတွေက သဘာဝ မကျဘူး။ အဓိကနိုင်ငံမှာဖြစ်နေ တဲ့ ဘာသာရေးပြဿနာတွေကို ထုတ်လာကြတယ်။ အဲဒါကို သမ္မတကြီးက ထိထိရောက်ရောက် ဖော်ထုတ်ပေးဖို့ကို တိုက်တွန်းချင် တယ်””ဟု ဦးထင်လင်းဦးက ထပ်မံ ပြောကြားသည်။

၎င်းစာအုပ် ထွက်ပေါ်လာမှု အပေါ် နိုင်ငံရေးအသိုင်းအ၀ိုင်း နှင့် လူမှုအဖွဲ့အစည်းများကြားတွင် ဝေဖန် မှုများရှိနေကြောင်း သိရသည်။
မျိုးကျော်
Hot News Journal

0 comments:

Post a Comment