Friday, August 29, 2014

မန်ကျည်းရွက်နု ခူးရောင်းသူများ အဆင်ပြေနေ၍ တောင်သူလုပ်ငန်းတွင် အလုပ်သမားရှားပါး

မလှိုင် ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်နယ် တစ်ဝိုက်တွင် မန်ကျည်းရွက်နု (လက်တက်) ခူးရောင်းသူများ နေ့စား လုပ်အားခထက် တွက်ခြေကိုက်နေသဖြင့် တောင်သူလုပ်ငန်းခွင် ဝင်ရာက်လုပ်ကိုင်မည့် အလုပ်သမား ရှားပါး လျှက်ရှိကြောင်းသိရသည်။

“ကျနော်တို့ တောင်သူတွေ ဒီအချိန်မှာ မြေ ပဲခင်း ၊ ဝါခင်းတို့မှာ ပေါက်တူးပေါက်တာ၊ လက်ပေါင်း သင်တာ ၊ကြားပေါင်းထွန်လိုက်တွေကို ဆောင်ရွက်ရမည့် အချိန်ပါ၊ ဒီအချိန်မှာ မန်ကျည်းရွက်နု လက်တက် ထွက်ချိန်နှင့် တိုက်ဆိုင်နေလို့ ပေါက်တူးပေါက်၊ လက်ပေါင်းသင်ဖို့ အလုပ်သမား ခေါ်လို့ ခက်နေပါတယ် ၊ လုပ်နေကြ အလုပ်သမား အနည်းစု လောက်တော့ရှိပါတယ်၊ ဒီလူတွေကိုပဲ တောင်သူ တစ်ဦးပြီး တစ်ဦး စောင့်ခေါ် ခိုင်းနေ ရပါတယ်” ဟု ဒေသခံ တောင်သူကြီး တစ်ဦးကပြောပြသည်။

မလှိုင်နယ် ပတ်ဝန်းကျင်တွင် မိုးဦးကာလ မိုးမရွာပဲ ဩဂုတ် လဆန်းပိုင်းမှ စတင် မိုးရွာသွန်းခဲ့သည်။ မိုး ရွာသွန်းမှုကြောင့် နေရာအနှံ့အပြားရှိ မန်ကျည်းပင်များမှ မန်ကျည်းရွက်နု လက်တက်များ ထွက်လာ၍ ဒေ သခံ အလုပ်သမားများ မန်ကျည်း ရွက်နု(လက်တက်) ခူးရောင်းသူ များပြားလျှက်ရှိပြီး တောင်သူ လုပ်ငန်း တွင် ဝင်ရောက်လုပ်ကိုင်မည့် နေ့စားအလုပ်သမား ရှားပါးနေခြင်းဖြစ်သည်။

“ ကျမတို့က လက်ပံဇောက် ကျေးရွာကပါ၊ မန်ကျည်း ရွက်နုရှိတဲ့ နေရာအနှံ လျှောက်ခူးတာပါ၊ အပင် ပေါ တဲ့နေရာ ရွေးသွားပါတယ် ၊ တစ်ဦးကို တစ်နေ့လျှင် အနည်းဆုံး အချိန်(၁၀) ပိသာက နေ(၁၂) ပိသာထိ ရပါတယ်၊ တစ်ပိသာကို (၅၀၀) ကျပ် ရောင်းရပါတယ်၊ နေ့စားအလုပ် လိုက်လုပ်ရင် တစ်နေ့မှ (၂၀၀၀) ကျပ်ပဲရတယ်၊ မန်ကျည်းရွက် ခူးတာက တစ်နေ့ကို အနည်းဆုံး (၅၀၀၀/၆၀၀၀) ကျပ် လောက်ရတော့ ပိုအဆင်ပြေပါတယ်၊ အမြင့် မတက်နိုင်တဲ့ သူလောက်ပဲ နေ့စား လိုက်လုပ်ကြပါတယ် ” ဟု မန်ကျည်းရွက် ခူးသွားမည့် အမျိုးသမီးငယ် တစ်ဦးက ပြောပြသည်။
MOI Webportal Myanmar

0 comments:

Post a Comment