Friday, August 22, 2014

ဂျပန်နိုင်ငံ ဟီရိုရှီးမား မြို့စွန်မှာ မိုးကြီးလို့ မြေပြိုမှုတွေရှိ

 ဂျပန်နိုင်ငံ ဟီရိုရှီးမား မြို့စွန်မှာ မြေပြိုမှုကြောင့် ပိတ်မိနေသူ ၅၁ ဦးကို ကြိုးစား ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။
 အိမ်တွေ အများအပြား ပျက်စီးခဲ့ရတဲ့အပြင် ခုချိန်ထိ သေဆုံးသူ ၃၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
တစ်လလောက် ရွာရမယ့် မိုးကို တရက်တည်းနဲ့ ရွာခဲ့လို့ လူနေအိမ်တွေပေါ်ကို တောင်ကမ်းပါးယံတွေ ပြိုကျခဲ့တာ ဖြစ်ပါတယ်။
ခုချိန်ထိ မိုးကြီးနေဆဲ ဖြစ်လို့ နောက်ထပ် မြေပြိုမှုတွေ ရှိလာနိုင်တဲ့အတွက် ကယ်ဆယ်ရေးတွေ ထင်သလောက် ခရီးမပေါက် ဖြစ်နေရပါတယ်။
BBC Burmese

0 comments:

Post a Comment