Thursday, August 21, 2014

ကျားမအင်္ဂါမပါသော ကလေးငယ်တစ်ဦး ကော့ကရိတ် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မွေးဖွား


ကော့ကရိတ် သြဂုတ် ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ် ၁၈ ရက်နေ့ နံနက် ၄း၁၂ မိနစ် အချိန်ခန့်တွင် ကျားမအင်္ဂါမပါသော ကလေး တစ်ဦးမွေးဖွားခဲ့သည်။ အဆိုပါကလေးငယ်၏ ကျားမအင်္ဂါကို ဖုံးအုပ်ထားသော အသားပိုကြောင့် ကျားမခွဲခြား၍မရဖြစ်နေသည်။

ကလေးငယ်၏မိဘများသည် ကော့ကရိတ်မြို့နယ် ဇော်ဟဲကျေးရွာဇာတိဖြစ်ပြီး တောင်သူလယ်သမား များဖြစ်သောကြောင့် ကလေးငယ်အား ခွဲစိတ်ကုသရန်အတွက် အခက်အခဲရှိနေသည်။ ကော့ကရိတ် ခရိုင်ပြည်သူ့ဆေးရုံ မှ ဆရာဝန်တစ်ဦးမှ“ ကလေးငယ်အား အမြန်ခွဲစိတ်ကုသပါက အသက် ရှင်နိုင်ကြောင်း” ပြောကြားသွားခဲ့သည်။ ကလေးငယ်၏မိဘများမှာ ဦးဖာသကျူးနှင့် ဒေါ်မူးကလယ်(၂၁)နှစ် တို့ဖြစ်သည်။ ရှေ့ဦးစွာ ကော့ကရိတ်မြို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကလေးငယ်ခွဲ စိတ်ကုသရန်အတွက် အလှူငွေ(၁၃၅၀၀၀)ကျပ်ကို သွားရောက်လှူဒါန်းခဲ့သည်။

အဆိုပါကလေးငယ်သည် သြဂုတ် ၂၀ ရက်နေ့ နေ့လည် ၁၁း၀၀အချိန်တွင် ကော့ကရိတ်မြို့ ဂရုဏာဖောင်ဒေးရှင်းအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံသို့ သွားရောက်ကုသရန် ထွက်ခွာသွားပြီး သက်ဆိုင်ရာ လူထုလူတန်းစား၊ အဖွဲ့အစည်းများမှ ကူညီစောင့်ရှောက်မှုကို မျှော်လင့်လျက် ရှိသည်။
MOI Webportal Myanmar

0 comments:

Post a Comment