Wednesday, August 6, 2014

လူသိမများသော အညတရ တပ်မတော်သား တစ်ဦး

(ဓာတ်ပုံ - ABSDF 102 မှတ်တမ်းများမှ)
စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူ၊ ကျောင်းသားတို့ နှင့်အတူ လက်တွဲတိုက် ပွဲဝင်ခဲ့သော တပ်မတော်သားများအနက် ဗိုလ်မှူးကြီးစိန်မြ၊ ဒုဗိုလ်မှူးကြီးအေးမြင့်၊ ဗိုလ်ကြီးစိုင်းဝင်းကျော် ကဲ့သို့ လူသိများထင်ရှာသူများ ရှိသကဲ့သို့ လူသိမများသော အညတရတပ်မတော်သားများလည်း အများအပြား ရှိသည်။ ထိုအညတရတပ်မတော်သားများထဲမှ တစ်ဦးမှာ မျိုးမြင့်နိုင်(ခ)ကိုပိန် ဖြစ်သည်။

မျိုးမြင့်နိုင်(ခ)ကိုပိန်သည် အဖ ဦးသိန်းထွန်း၊ အမိ ဒေါ်ရွှေရင်တို့၏ သားဖြစ်ပြီး၊ မော်လမြိုင်မြို့၊ မောင်ငံရပ် ကွက် ဇာတိဖြစ်သည်။ အခြေခံပညာအလယ်တန်းအထိ ပညာသင်ယူခဲ့ပြီးနောက် တပ်မတော်သို့ ၀င်ရောက်အမှုထမ်းခဲ့သည်။ အမှတ်(၄၄) ခြေမြန်တပ်မ လက်အောက်ခံတပ်ရင်းတစ်ခုတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်၊ မော်ဖိုးကေစခန်းသိမ်းတိုက်ပွဲတွင် အသေခံ ကွန်မန်ဒိုများအနက် တစ်ဦး အဖြစ်ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သည်။ ၁၉၈၄ ခုနှစ်၊ မဲသဝေါတိုက်ပွဲ ကာလအတွင်း ဒုတပ် ကြပ်အဆင့်ဖြင့် ရှေ့တန်းတာဝန်ထမ်းဆောင်နေစဉ် အထက် အရာရှိ၏ ဗျူရိုကရက်ဆန်သော မတရား ဖိနှိပ် နှိပ်စက်မှုများကို သည်းမခံနိုင်သဖြင့် လက်တုံ့ပြန်မိရာမှ တပ်မတော်မှ ထုတ်ပယ်ခံရပြီး အင်း စိန်ထောင်တွင် ထောင်ဒဏ်(၃) နှစ် အပြစ်ပေးခံခဲ့ရသည်။ ထောင်မှ လွတ်ပြီးနောက် မော်လမြိုင်မြို့တွင် မိခင်နှင့်အတူနေထိုင်ခဲ့သည်။

၁၉၈၈ အရေးတော်ပုံကာလအတွင်း မော်လမြိုင်မြို့၊ ကျိုက်ပိသပိတ်စခန်းတွင် ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သည်။

စစ်တပ်မှာအာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျောင်းသားလူငယ်များနှင့်အတူ နယ်စပ်သို့ ထွက်ခွာ ကာ ကျောင်းသားတပ်မတော် (ABSDF) သို့ ၀င်ရောက်ခဲ့သည်။ သူ၏ အနစ်နာခံမှု၊ ရဲရင့်ကျွမ်းကျင် မှု၊ ခေါင်းဆောင်ပီသမှုများကြောင်း ကျောင်းသား ရဲဘော်များ၏ အထူးလေးစားမှုခံခဲ့ရသူဖြစ် သည်။ ကျောင်းသားတပ်မတော်၊ တပ်ရင်း(၁၀၂) တွင် တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မျိုးမြင့်နိုင်(ခ)ကိုပိန် ဦးစီးသော ကျောင်းသားတပ်စုသည် ၂၆-၈-၁၉၉၀ ရက်နေ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် တိုက်ပွဲ၌ အင်အားအဆမတန် များပြားသော ရန်သူ၏ ၀ိုင်းဝန်းပိတ်ဆို့မှုကို ခံခဲ့ရသည်။ သူ၏တပ်စုကို အထိခိုက် အကျဆုံး အနည်းဆုံးဖြစ်အောင် နိုင်နင်းစွာ ဦးဆောင်တိုက်ပွဲဝင်ခဲ့သည်။ တပ်စုရှိ ကျောင်းသားရဲဘော်များအား ဆုတ်ခွာနိုင်ရန် စီစဉ်ပေးနေစဉ် ပေါင်ရိုးသို့ ကျည်ဆန် ထိမှန်ကာ ဒဏ်ရာရရှိခဲ့သဖြင့် လမ်းမလျှောက်နိုင်တော့ပေ။ ထို့နောက် ရန်သူ့ လက်တွင်းသို့ မရောက်လိုသောကြောင့် သူရဲကောင်းပီသစွာဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။
Moe Zay Nyein

0 comments:

Post a Comment