Tuesday, August 26, 2014

တောင်သမန်ကန်ပတ်လမ်းအနောက်ခြမ်း မြေကာနံရံပြိုကျ

မန္တလေး၊
မန္တလေး အမရပူရမြို့ နယ် ဦးပိန်တံတားအ နီး (တောင်မင်းကြီးဘုရားနှင့်ပုထိုး တော်ကြီးဘုရား ကြား) တောင်သမန် ကန်အတွင်း ဧရာဝတီမြစ်ရေတိုးလာ ပြီး ရေလှိုင်းပုတ်ခတ်မှုကြောင့် မြေ ကာနံ ရံပြိုကျပျက်စီးခဲ့သဖြင့် မျော တိုင်များရိုက်၍ သဲအိတ်ချထားခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ လမ်းတံတားဌာနမှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

''တောင်သမန်ကန်နဲ့ ဧရာဝတီ မြစ်က ဆက်စပ်လျက်ရှိတာကြောင့် ဧရာဝတီမြစ်ရေတိုးရင် တောင်သမန် ကန်ရေလဲ မြင့်တက် လာပါတယ်။ တောင်သမန်ကန် ရေအရမ်းတိုးလို့ မြေကာနံရံပေ၅ဝလောက် ပြိုကျပျက် စီးခဲ့ပါတယ်။ နောက်တစ်ကြိမ်ရေ ထပ်တိုးလာရင် ပြိုကျတဲ့နေရာကနေ ကားလမ်းပေါ်ရေကျော်ပြီး အမရပူ ရမြို့နယ်ထဲက ရပ်ကွက်တွေကိုရေ ဝင်နစ်မြုပ်မှုမရှိအောင် ပြိုကျတဲ့နေ ရာတွေကို မျောတိုင်ရိုက်၊ ဝါးထရံကာ ပြီးတော့ သဲအိတ်တွေ အရေးပေါ်ချ ထားပေးခဲ့ပါတယ်၊ နောက်ထပ် တောင်သမန် ကန်ရေမြင့်တက်ရင် ကာ ကွယ်ဖို့ အရေးပေါ်သုံးဖို့ မျောတိုင်များ နဲ့ သဲအိတ်များကို စုဆောင်းထားပါ တယ်''ဟု ၄င်းက ပြောကြား သည်။

အမရပူရမြို့နယ်အတွင်းရှိ ရပ် ကွက်များ၌ မိုးတွင်းကာလများတွင် တောင်သမန်ကန်ရေဝင်ရောက် ကာ ရေဝပ်မှု၊ ရေတင်မှု မရှိစေရေးအ တွက် မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီလမ်းတံတား ဌာန က တောင်သမန်ကန်ပတ်လမ်း တစ် လျှောက် ရေကာနံရံကျောက်ရိုးစီခြင်း လုပ်ငန်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
MKK
Yangon Media Group

0 comments:

Post a Comment