Friday, August 29, 2014

မေမြတ်နိုး ဒေါ်လာတစ်သိန်းတန် သရဖူဖြင့် ထွက်ပြေး တိမ်းရှောင်နေကြောင်း ဆုချီးမြှင့်သည့်အဖွဲ့ ပြောကြား

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၁၄ ခုနှစ် မေလအတွင်းက ကျင်းပခဲ့သည့် Miss Asia Pacific World ပြိုင်ပွဲတွင် ရရှိခဲ့သည့် သရဖူနှင့်အတူ မေမြတ်နိုး ပျောက်ဆုံးနေကြောင်း ဆုချီးမြင့်ရေး အဖွဲ့မှ ညွှန်ကြားရေးမှူး ဒေးဗစ်ကင်က သြဂုတ် ၂၈ ရက်တွင် ပြောကြားသည်။

အဆိုပါ အဖွဲ့က မေမြတ်နိုးအား သြဂုတ် ၂၈ ရက်တွင် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းပိတ်ထား ခဲ့ကြောင်း သိရသည်။ ပြည်တွင်း သတင်းစာတစ်စောင် ၏ ဖော်ပြချက်အရ မေမြတ်နိုးသည် ပြည်ပခရီးစဉ် သွားရာမှ ပြန်လည်ရောက်ရှိနေပြီး သတင်းစာရှင်း လင်းပွဲတစ်ခုကို မကြာမီ ပြုလုပ်သွားရန် ရှိကြောင်း ရေး သားခဲ့သည်။

"သူ့ဟာ သည့်ထက်ပိုပြီးလှနိုင်ပါသေးတယ်။ ခရီးက ပြန်ရောက်တာနဲ့ သူ့ရဲ့ရင်သားကို ခွဲစိတ်ပြုပြင် ဖို့ စီစဉ်ထားပြီပါပြီ။ ဒါဟာ ကျွန်တော်တို့ လုပ်ပေးရမယ့် တာဝန်ဖြစ်ပါတယ်။ သူအနေနဲ့ သူ့နှာခေါင်း ကို မကြိုက်ဘူးဆိုရင်လည်း ကျွန်တော်တို့က ပြုပြင်ပေးရမှာပါ’’ ဟု ကင်က ပြောကြားသည်။

မေမြတ်နိုးသည် ကိုရီးယားသို့ ၁၀ ရက်ခန့် သွားရောက်ခွင့်ရသည့် ခရီးစဉ်အတွင်း မိခင်ကို ခေါ်သွားခဲ့ပြီး ၃ လအထိ နေထိုင်ခဲ့သောကြောင့် ပွဲစီစဉ်သူများအနေဖြင့် ကုန်ကျစရိတ် ပိုမိုကျခံခဲ့ရ ကြောင်း ကင်က ပြော ကြားသည်။

မေမြတ်နိုးယူဆောင်သွားသည့် Swarovski tiara သရဖူသည် ဒေါ်လာ တစ် သိန်းနှင့် နှစ်သိန်းအကြား တန်ဖိုးရှိကြောင်း ကင်က ပြောကြားသည်။
Mizzima News
Ref: Star Tribune

0 comments:

Post a Comment