Wednesday, August 13, 2014

ညံ့တဲ့ အထိအတွေ့ကို လူသားတစ်ယောက်လို ပေးနိုင်မည်ဆိုသော ဂျပန်က မိန်းကလေးအဖော်

လိုအပ်နေသူများအတွက် မိန်းကလေးအဖော်ရုပ်များ တွင်တွင်ကျယ်ကျယ် ထုတ် လုပ်နေသည့် ဂျပန်နိုင်ငံအနေဖြင့် ယခုအခါ လူသားစစ်နှင့် အ သားအရေ နူးညံ့မှု၊ မျက်လုံးတို့တွင် အနီးစပ်ဆုံးတူသည့် မိန်းကလေးများကို ထုတ်လုပ်နိုင်ပြီဖြစ်သည်။
 Firm Oriental Industry က Dutch Wife ဟု အမည်ပေးထားသည့် အဆိုပါ မိန်းက လေးများကို ၀ယ်ယူမည့်သူများအနေဖြင့် မိမိတို့နှစ်သက် သည့် ခန္ဓာကိုယ်အရွယ်အ စား၊ မျက်နှာပုံစံနှင့် ဆံပင်အရောင်တို့ကို ပေါင် ၁၀၀၀ ခန့်သာသာဖြင့် စိတ်ကြိုက်မှာ ယူ ၀ယ်နိုင်မည်ဟု အာမခံထား သည်။

ရုတ်တရက်ကြည့်လိုက်ပါက မိန်းကလေးအစစ်တစ်ဦးနှင့် မခြားတူနေသည့် ယင်း အရုပ်များကို အဆင့်မြင့် ဆီလီကွန်တစ် မျိုးဖြင့် ပြုလုပ်ထားသောကြောင့် အသုံးပြုဖူး သွားသူများအနေဖြင့် လူအစစ်မိန်းကလေးအဖော်တစ်ယောက်ကိုပင် လိုချင်တော့ မည်မဟုတ်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။


ဝယ်ယူသွားသူအမျိုးသားများ အနေဖြင့် အဆိုပါ မိန်းကလေးအတွက် အောက်ခံအ ၀တ်အစားများ ကိုယ်တိုင်ဝယ်ပေးရမည့် အခက်အခဲမဖြစ်စေ ရန်လည်း ကုမ္ပဏီက အ၀တ်အစားများကိုပါ ထည့်ပေးမည်ဖြစ်သည်။

“အထူးကောင်းမွန်အောင် လုပ်ဆောင်ထားတာကတော့ အသားအရေနဲ့ မျက်လုံး တွေပါပဲ” ဟု ကုမ္ပဏီမှ တာဝန်ရှိသူကပြောကြားသည်။




“ကိုယ်ခန္ဓာကိုယ်ကို ထိတွေ့လိုက်ရင် တကယ့်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ ခွဲမရ အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်” ဟု ၎င်း က ပြောသည်။
အောင်ခင်
Mizzima - News in Burmese
Ref:Daily Mail

0 comments:

Post a Comment