Tuesday, August 5, 2014

အွန်လိုင်းပေါ်တွင် အင်္ဂလိပ်စာပို့ချနေသော ဆရာမောင်မောင်ဝမ်း အခမဲ့ပညာဒါနပို့ချမှုကြောင့် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ မင်္ဂလာဒုံလေဆိပ်မှလှည့်ပြန်ရတော့မည်

ယနေ့အွန်လိုင်းပေါ်တွင်မြန်မာနိုင်ငံသားများအတွက် The Best Engish 4 you ၀က်ဆိုဒ်ဖြင့်လည်းကောင်း Group များတွင်လည်းအောင်းအင်္ဂလိပ်စာပညာဒါနပို့ချ ပေးနေသူဆရာမောင်မောင်ဝမ်းသည်ရန်ကုန်မြို့ကြီး တွင် ပညာဒါနပို့ချပေးခဲ့အပြီးဇာတိဖြစ်သောရေနံချောင်းမြို့ လာရောက်ပို့ချပေးခဲ့ပါသည်။

 မွေးရပ်မြေတွင်မိမိတတ်ထားသောပညာဖြင့်ကျေးဇူးပြုချင် ပါသော်လည်းရေနံချောင်းလူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တိုင်းအမိန့်အရဆိုကာပညာဒါနအဖြစ်အခကျေးငွေမယူသော်လည်း လ၀ကလက်ဆွဲမူ အရခွင့်မပြုနိုင်ဟုဆိုကာလာရောက်ပိတ်ပင် တားဆီးခဲ့ပါသည်။ထို့ကြောင့်တစ်ရက်မျှသာသင်ပြီးယနေ့တွင် ချစ်လှစွာသောဇာတိမြေမှပညာရည်သောက်စို့လိုသူများအား နှုတ်ဆက်ပွဲလုပ်ခဲ့ပါသည်။
ထိုနှုတ်ဆက်ပွဲပြီးသည်နှင့်လ၀ကဦးစီးမှလာရောက်ကာ ခွင့်မပြုသောပညာဒါနအင်္ဂလိပ်စာသင်ကြား မှုကြောင့် အမေရိကန်နိုင်ငံသားခံယူထားသူဆရာမောင်မောင်ဝမ်းအား ယနေ့ည(၅-၈-၁၄)ည၊ ၁၀း၀၀ နာရီတွင်လည်းကောင်းတို့ငှား ထားသောကားဖြင့်အခြားနေရာများသို့ဝင်ရောက်ရပ်နားခွင့်မပြု သူငယ် ချင်း၊မွေးခြင်းများအားနှုတ်ဆက်ခွင့်မပြုဘဲရန်ကုန် မင်္ဂလာဒုံလေဆိပ်မှသို့ခေါ်ယူပြီးလေယာဉ်ပေါ်တင် ကာမြန်မာ နိုင်ငံမှထွက်ခွာသွားစေမည်ဖြစ်ကြောင်းဆရာမောင်မောင်ဝမ်း၏ မိတ်ဆွေ၊ တပည့်၊ သူငယ်ချင်းရဲဘော်အပေါင်းအား သိစေအပ်ပါသည်။
Ashin Issariya
https://www.facebook.com/monk.king.5811

0 comments:

Post a Comment