Friday, August 29, 2014

စံဇာဏီဘိုက အချက်နှစ်ချက်အရ ခေါင်းလောင်းကြီး ဆယ်ယူနိုင်မည် မဟုတ်ကြောင်းဆို

နာမည်ကျော် လက္ခဏာ ဆရာကြီး စံဇာဏီဘိုကို Tomorrowမှ မေးမြန်းရာ အချက်နှစ်ချက်အရ ဆယ် ယူနိုင်မည် မဟုတ်ကြောင်း၊ ပထမ အချက်မှာ ခေါင်းလောင်းကြီးသည် သမိုင်းကြောင်း အရလည်း တ ကယ်ရှိခဲ့ကြောင်း၊ ရေထဲသို့လည်း တကယ်ကျခဲ့ကြောင်းကို မိမိလက်ခံပါကြောင်း သို့သော် ခေါင်းလောင်း သည် သမိုင်းတွင် ဖော်ပြထားသကဲ့သို့ ကြီးချင်မှကြီးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျခဲ့သည့်နေရာ ဖြစ် သည့် ယခုဆယ်ယူနေသည့် နေရာတွင် ယခုအချိန် ရှိနိုင်မည် မဟုတ်ကြောင်း၊ ယခု ဆယ်ယူနေသည် မှာ လှေနံဓါးထစ် မှတ်ပြီး ဆယ်သလို ဖြစ်နေကြောင်း ဒုတိယအချက်မှာ လွန်ခဲ့သော နှစ်လေးရာခန့်က နစ်မြုပ်ခဲ့သော ခေါင်းလောင်းကို ခေတ်မီ နည်းစနစ်များ မသုံးပဲ ၀ိဇ္ဇာနည်းဖြင့် ဖော်ခြင်းမှာ မဖြစ်နိုင်ကြောင်း၊ အဆိုပါ ခေါင်းလောင်း ဆယ်သူများသည် ဆယ်မရပါက တိုင်းပြည် အုပ်ချုပ်သူများ မင်းကျင့်တရား မညီ သဖြင့် ဆယ်မရဟု ဆင်ခြေပေးကြဦးမည် ဖြစ်ကြောင်း ဖြေကြားသွားသည်။

ရွှေတိဂုံဘုရားတွင် ကျင့်စဉ်များ ကျင့်ကြံနေသော အထက်လမ်းဝိဇ္ဇာ ဦးကျော်စွာက ခေါင်းလောင် ဆယ်ယူ သည့် အဖွဲ့ အနေဖြင့် ယခုအခါ လေသံပြောင်းပြီး ခေါင်းလောင်းကြီး ရှာဖွေရန်သာ သူတို့ဆောင်ရွက် မည်ဖြစ်ပြီး ခေါင်းလောင်းကြီး တွေ့ရှိက ဆယ်ယူရန်မှာ အစိုးရ တာဝန်ဖြစ်ကြောင်း ပြောင်းလဲ ပြောဆို လာသည်။ Tomorrow ဂျာနယ် ထွက်ရှိသည့် ယနေ့ သြဂုတ်လ ၂၆ရက်သည် ခေါင်းလောင်း ဆယ်ယူမည် ဟု ကြေငြာထားသော အဖွဲ့၏ နောက်ဆုံး သတ်မှတ်ထားသော ရက်ဖြစ်ရာ စာဖတ်ပရိသတ် အနေဖြင့် အမှန်တွေ့မတွေ့ကို ယခုစာဖတ်ချိန်တွင် သိနိုင်မည်ဖြစ်သည်။
Tomorrow

0 comments:

Post a Comment